နေပြည်တော်  ၁၂   မတ် 

 

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် မိုးထိမိုးမိဒေသ ရွှေလုပ်ကွက်(A)နှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် လက်ရှိဆောင်ရွက်နေမှု အခြေအနေများကို အများပြည်သူ သိရှိနိုင်ရန်အတွက် လုပ်ကွက်(A)နှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သီရိရတနာခန်းမ၌ ကျင်းပသည်။

 

သတင်းစာရှင်းလင်းပွဲတွင် အမှတ်(၂)သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြား ရေးမှူး ဦးသံဒိုင်က မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် မိုးထိမိုးမိဒေသ ရွှေလုပ်ကွက်(A)နှင့် ပတ်သက်၍ တင်ဒါခေါ်ယူခဲ့မှု၊ တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုခဲ့မှု၊ ကုမ္ပဏီ၏ အခက်အခဲများကြောင့် စာချုပ်ပြင်ဆင်ချုပ်ဆိုပေးခဲ့မှု၊ ကုမ္ပဏီက စာချုပ်အရ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အထိ သတ်မှတ်ချက်အတိုင်း အပြည့် အဝပေးသွင်းခဲ့မှု၊ နောက်ပိုင်း ပေးသွင်းရန်ပျက်ကွက်ခဲ့မှု၊ စာချုပ်အရ သတ်မှတ် ရွှေစင် များပေးသွင်းရန် ကျန်ရှိနေသည့်အတွက် လုပ်ကွက်ကို ထုတ်လုပ်မှု ယာယီ ဆိုင်းငံ့ထား ရှိမှု၊ သတ္တုတွင်းဥပဒေ၊ နည်းဥပဒေပါ စီမံခန့်ခွဲရေးနည်းလမ်းများနှင့်အညီ အရေးယူ ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ ဦးဆောင်ညွှန်ကြားရေးမှူးက ကုမ္ပဏီသည် ဆိုင်းငံ့ကာလအတွင်း ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိဘဲ ရွှေသတ္တုသန့်စင်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်နေသည့်အတွက် သတိပေးစာပေးပို့ခဲ့ရာ လိုက်နာခြင်းမရှိဘဲ ဆက်လက် လုပ်ကိုင်ခဲ့သည့်အတွက် မြန်မာ့သတ္တုတွင်းဥပဒေအရ ခွင့်ပြုမိန့်ပယ်ဖျက်ရန် အခြေ အနေရောက်ရှိခဲ့မှု၊ ကုမ္ပဏီ၏ အကြောင်းပြန်ကြားချက်များသည် ခိုင်လုံသောအကြောင်း ပြချက်မရှိခြင်းနှင့် ပေးသွင်းရမည့်ရွှေစင်များကို ကျေပွန်စွာ မပေးသွင်းခြင်းတို့ကြောင့် သတ္တုတွင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ စာချုပ်ရပ်စဲခဲ့မှု၊ ခွင့်ပြုမိန့်ပယ်ဖျက်ပြီး နောက်ပိုင်း ကုမ္ပဏီသည် ရွှေသန့်စင်ထုတ်လုပ်သည့် လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ခဲ့သည့်အတွက်  ကုမ္ပဏီဥက္ကဋ္ဌကို မြန်မာ့သတ္တုတွင်းဥပဒေနှင့် အမှုဖွင့်တိုင် တန်းခဲ့မှု၊ ကုမ္ပဏီဥက္ကဋ္ဌက သတ္တုတွင်းလုပ်ငန်းအား ဆုံးရှုံးမှုများ ပြန်လည်ရရှိရေး တရား မကြီးအမှုနှင့် တရားစွဲဆိုခဲ့မှု အခြေအနေများနှင့် လုပ်ကွက်(A)တွင် ကုမ္ပဏီက ငွေကြေး မြောက်များစွာ ရင်းနှီးမြှုပ်နှံထားသည့် စက်ရုံများနှင့် စက်ပစ္စည်းများ၊ Adit များ၊ ရွှေပါ ဖြုန်းမြေစာများနှင့် တန်ဖိုးကြီးပစ္စည်းများ ခိုးယူခံရမှု ထပ်မံမဖြစ်ပေါ်ရန် ပုဒ်မ ၁၄၄ ထုတ်ပြန်ထိန်းသိမ်းရန် ညှိနှိုင်းထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် တက်ရောက်လာသည့် သတင်းမီဒီယာများက ရမည်းသင်းမြို့နယ် မိုးထိမိုးမိဒေသ ရွှေလုပ်ကွက်(A)နှင့်ပတ်သက်၍ နိုင်ငံတော်အတွက် နစ်နာမှုများမဖြစ် ပေါ်အောင် စီမံဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ နှင့်စပ်လျဉ်း၍ သိလိုသည်များကို မေးမြန်းကြရာ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင်နှင့် အထွေထွေမန်နေဂျာ ဦးအေးဇော်တို့က ပြန်လည်ဖြေကြားကြသည်။

 

(သတင်းစဉ်)

 

DSC_7110

 

DSC_7111