နေပြည်တော် ၁၂ မတ်
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့အာမခံလုပ်ငန်းနှင့်ထိုင်းနိ်ုင်ငံ Road Accident VICTIMS Proteceion Co.Ltd.(RVP), Thai General Insurance Association (TGIA) တို့အကြား နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးပွဲအခမ်းအနားကို မြန်မာ့အာမခံလုပ်ငန်းရုံးချုပ်(ရန်ကုန်)၌ ယနေ့ နံနက် ၁၁ နာရီတွင် ကျင်းပသည်။
အခမ်းအနားတွင် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးဇော်နိုင်၊မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးနှင့် ထိုင်းနိုင်ငံ Road Accident VICTIMS Protection Co.,Ltd (RVP)၏ ဦးဆောင်ညွှန်ကြားရေးမှူး Mr.Nopadol Santipakorn တို့က အမှာစကား ပြောကြားကြသည်။
ယင်းနောက် နားလည်မှုစာချွန်လွှာအား မြန်မာ့အာမခံလုပ်ငန်း၏ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးနှင့် ထိုင်းနိုင်ငံ Road Accident VICTIMS Protection Co.,Ltd.(RVP) ၏ ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်သူ Mr.Nopadol Santipakorn တို့က လက်မှတ်ရေးထိုးလဲလှယ်ကြသည်။
သတင်းစဉ်


