ဒါကာ ဇူလိုင် ၂၁
ဘင်္ဂလားဒေ့ရှ်လေတပ်၏ လေ့ကျင့်ရေးလေယာဉ်တစ်စင်းသည် ဇူလိုင် ၂၁ ရက်က ကောလိပ်ဝင်း တစ်ခုအတွင်း ပျက်ကျမှုဖြစ်ပွားခဲ့ရာ ၁၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်းနှင့် အများစုမှာ ကျောင်းသား ကျောင်းသူများဖြစ်ကြောင်း သိရသည်။
အဆိုပါ လေယာဉ်ပျက်ကျမှုဖြစ်ရပ်အတွင်း လူပေါင်း ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူအများစုမှာ စိုးရိမ်ရအခြေအနေတွင်ရှိကြောင်း အစိုးရ၏ထုတ်ပြန်ချက်အရ သိရသည်။ ဘင်္ဂလားဒေ့ရှ်တပ်မတော်၏ ပြည်သူ့ဆက်ဆံရေးဌာနက လေ့ကျင့်ရေးလေယာဉ်မှာ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲခန့်က ပျက်ကျမှုဖြစ်ပွားခဲ့ကြောင်း ပြောသည်။
ဆင်ဟွာ


