(၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေပါသည်။
ထူးခြားသည့်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၀၉:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကမ်းခြေကို ဖြတ်ကျော်လျက်ရှိသော အားကောင်းသောအပူပိုင်းမုန်တိုင်း “ဝီဖာ” (WIPHA) သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အပူပိုင်းမုန်တိုင်း “ဝီဖာ” အဖြစ်သို့ အားလျော့သွားခဲ့ကာ၊ အနောက်-အနောက်တောင်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ဗီယက်နမ်နိုင်ငံကုန်းတွင်း ပိုင်းဒေသများကို ဆက်လက်ဖြတ်ကျော်ကာ၊ ၂၃-၇-၂၀၂၅ ရက်နေ့တွင် လာအိုနိုင်ငံပေါ်တွင် ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။
ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
မိုးလေဝသအခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးနိုင်ပါသည်။
အမြင်တာ။ ၃ မိုင်၊ မိုးရွာစဉ် မိုင်ဝက်ခန့်။
ရေပြင်လေ။ အနောက် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၂၀-၂၅ မိုင်၊ တစ်ခါတစ်ရံ ၃၅ မိုင်မှ မိုင် ၄၀။
လှိုင်းအခြေအနေ။ လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။
လှိုင်းအမြင့်။ ၁၁ ပေမှ ၁၄ ပေခန့်။
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်
မိုးလေဝသအခြေအနေ။ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။
အမြင်တာ။ ၄ မိုင်၊ မိုးရွာစဉ် ၁ မိုင်ခန့်။
ရေပြင်လေ။ တောင် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၁၅-၂၀ မိုင်၊ တစ်ခါတစ်ရံ ၃၅ မိုင်။
လှိုင်းအခြေအနေ။ လှိုင်းကြီးမည်။
လှိုင်းအမြင့်။ ၁၀ ပေမှ ၁၂ ပေခန့်။
Crd> မိုး/ဇလ


