ရမည်းသင်း ဇူလိုင် ၂၂
ရမည်းသင်းမြို့နယ် ရမည်းသင်းမြို့နယ် ကင်မွန်းခြုံ-ထီးလှိုင်လမ်းမှ ဇီးဖြူကုန်းရွာသွားလမ်း ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်း၊ ရမည်းသင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)ဒေါ်လင်းနှင့်အဖွဲ့သည် ယမန်နေ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
ရမည်းသင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၁၄၅ ဒသမ ၅၇ သန်းဖြင့် ကင်မွန်းခြုံ-ထီးလှိုင်လမ်းမှ ဇီးဖြူကုန်းရွာ သွားလမ်း ကတ္တလမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။
သန္တာလင်း(ပြန်/ဆက်)


