တီဟီရန် ဇူလိုင် ၂၂
အီရန်နှင့် ရုရှားရေတပ်တို့သည် ကက်စပီယန် ပင်လယ်ပြင်တွင် ရေကြောင်းစစ်ရေးပူးပေါင်း လေ့ကျင့်မှုကို ဇူလိုင် ၂၁ ရက်တွင် စတင်လိုက်ကြောင်း တာစနင်မ်သတင်းအေဂျင်စီ၏ အစီရင်ခံ ဖော်ပြချက်အရ သိရသည်။
CASAREX2025 ဟု အမည်ပေးထားသော သုံးရက်ကြာ ပူးပေါင်းရေကြောင်းစစ်ရေးလေ့ကျင့်မှုကို အီရန်နိုင်ငံ မြောက်ပိုင်းရေတပ်က ဦးစီးကျင်းပခြင်းဖြစ်ပြီး နှစ်နိုင်ငံရေတပ်မှ စစ်ဘက်သုံးသင်္ဘော များ ပါဝင်ကြောင်း သိရသည်။ အဇာဘိုင်ဂျန်၊ ကာဇက်စတန်၊ တာ့ခ်မင်နစ္စတန်နိုင်ငံတို့မှ ကိုယ်စားလှယ်များ လေ့လာသူများအဖြစ် တက်ရောက်ခဲ့ကြသည်။
စစ်ရေးလေ့ကျင့်မှုဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ မိုရ်စင်ရာဇာကီက ရေကြောင်းစစ်ရေး ပူးပေါင်း လေ့ကျင့်မှုတွင် ကုန်းတွင်းပိုင်းနှင့် ပင်လယ်ပြင်ပိုင်း နှစ်ပိုင်းစလုံး ပါဝင်ကြောင်း၊ စစ်ရေးလေ့ကျင့်မှု ၏ ရည်ရွယ်ချက်မှာ ဒေသတွင်းနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ညှိနှိုင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ ကုန်တင်သင်္ဘောများ ခုတ်မောင်းသွားလာရာတွင် ဘေးကင်းလုံခြုံမှုရှိစေရန်ဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ


