တီဟီရန်    ဇူလိုင်    ၂၂

အီရန်နှင့် အမေရိကန်အကြား အီရန်နျူကလီးယားအရေးအတွက် ဆွေးနွေးရန်လမ်းဖွင့်ထားကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အေဗတ်အေရာချီက ပြောကြားသည်။

အီရန်သည် ယူရေနီယမ်သတ္တု သန့်စင်သည့်  လုပ်ငန်းများကို ပြန်လည်ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် အီရန်နှင့် အမေရိကန်အကြား  တွေ့ဆုံဆွေးနွေးရန် လမ်းများဖွင့်ထားကြောင်း ၎င်းက အမေရိကန်  ဖောက်စ်နယူးစ်သတင်းဌာနနှင့် တွေ့ဆုံရာတွင် ပြောကြားသည်။

 အီရန်၏ နျူကလီးယားထုတ်လုပ်ရေးလုပ်ငန်းသည် ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ကြောင်း အမေရိကန်က ယုံကြည်ရေးအတွက်   ဆောင်ရွက်ရန်အသင့်ရှိသည်ဟု  နိုင်ငံခြားရေးဝန်ကြီးက  ပြောကြားသည်။ ယင်းအချက်ကို အီရန်က သက်သေပြနိုင်ပါက အပြန်အလှန်အနေဖြင့်  အမေရိကန်၏ အီရန်အပေါ် ပိတ်ဆို့မှုများကို ရုပ်သိမ်းစေလိုကြောင်း အေဗတ်အေရာချီက ပြောကြားသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - စိုးသူရ