ကလော ဇူလိုင် ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံ မြို့နယ် မိုးဗြဲမြို့တွင် ဇူလိုင် ၂၂ ရက် နံနက် ၉ နာရီက ကလော ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်း၍ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမြင့်၊ ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက ဖယ်ခုံမြို့သို့ သွားရောက်ပြီး နယ်မြေခံတပ်နယ်တွင် တပ်နယ်မှူးထံသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ထောက်ပံ့ လှူဒါန်းသော ငွေကျပ်သိန်း ၅၀ တန်ဖိုးရှိ အသီးအနှံများ၊ Shan United FC မှ ရှေ့တန်းရောက် တပ်မတော်သားများ အတွက် ထောက်ပံ့လှူဒါန်းသော ငွေကျပ်သိန်း ၁၀၀ တန်ဖိုးရှိစားသောက်ဖွယ်ရာ ပစ္စည်းများအား ပေးအပ်လှူဒါန်းပြီး မိုးဗြဲမြို့သို့ ဆက်လက်ထွက်ခွာရာ ဖယ်ခုံနှင့် မိုးဗြဲအကြား (၁၀) မိုင်အား စက်ယန္တရားများဖြင့် လမ်းဘေး ဝဲ/ယာ ရှင်းလင်းဆောင်ရွက်မှု အခြေအနေများ၊ မိုးဗြဲမြို့ကွပ်ကဲ ရေးရုံး ပြန်လည်တည်ဆောက် မည့်နေရာနှင့် အကြမ်းဖက် သောင်းကျန်းသူများ မိုင်းထောင် ဖောက်ခွဲ ဖျက်ဆီးခဲ့သော လျှပ်စစ် တာဝါတိုင်နှစ်တိုင် ပြန်လည် ပြုပြင်တည်ဆောက်ရေး လုပ်ငန်းအား လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ နှစ်ပတ်အတွင်းပြီးစီးအောင် စီမံ ဆောင်ရွက်နေမှုများကို ကွင်းဆင်း ကြီးကြပ်ဆောင်ရွက်ခဲ့သည်။
မြို့နယ်(ပြန်/ဆက်)


