ဇူလိုင် ၂၃

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယမန်နေ့က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၄၄၄ ဦး ထပ်မံတွေ့ရှိပြီး ယင်းရောဂါဖြင့် သုံးဦးထပ်မံသေဆုံးခဲ့ရာ ယခုနှစ်လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၈၀၂၆ ဦးရှိလာပြီး သေဆုံးသူပေါင်း ၆၅ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

အချက်အလက်ဖော်ပြချက်အရ မေလက ထိုရောဂါဖြစ်ပွားသူ ၁၇၇၃ ဦး၊ ဇွန်လက ၅၉၅၁ ဦးနှင့် ဇူလိုင်လက ရောဂါဖြစ်ပွားသူဦးရေ ၇၇၃၀ ရှိသည်ဟု သိရသည်။

မေလက ယင်းရောဂါဖြင့်သေဆုံးသူ သုံးဦး၊ ဇွန်လက ၁၉ ဦးနှင့် ဇူလိုင်လက ၂၃ ဦး သေဆုံးကြောင်း ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဇွန်လမှစက်တင်ဘာလအတွင်း မုတ်သုံကာလသည် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသော ရာသီဖြစ်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို