မြန်မာ့အက်ရှင် ရုပ်ရှင်လောကကို ပြန်လည် အသက်သွင်းနိုင်ခဲ့သူ သရုပ်ဆောင် ခါရာ

၁၂   မတ် 
           

 

ဟောင်ကောင်မင်းသားတစ်ဦးဟု ထင်မှတ်လောက်ပြီး  ပြောင်မြောက်သည့် အနုပညာတွေနှင့် ပြည့်နှက်နေသည့် သရုပ်ဆောင် ခါရာ  Mister တစ်ယောက်အဖြစ်ကနေ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး " မျက်နှာပြင်များ " ၊   တားဆီးမရနိုင်သော ၊ မမြင်နိုင်သော စသည့်  ရုပ်ရှင်ဇာတ်ကားများအပြင် ရုပ်သံဇာတ်လမ်တွဲတစ်ခုဖြစ်သည့် "   မနေ့ကဖြစ်သည် " တွင်လည်း အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့သူဖြစ်သည်။ ၎င်းအနေဖြင့် လက်ရှိတွင်  ပရိသတ်တွေကြားမှာ ရေပန်းစားနေသော " မြို့ပြမုဆိုးများ" ရုပ်ရှင်ကားကြီး၏  ခေါင်းဆောင်မင်းသားနေရာတွင်  ပါဝင်သရုပ်ဆောင်ထားသူလည်းဖြစ်သည် ။
       

 

" ကျွန်တော့်ကို ချစ်ခင်ပေးကြတဲ့ပရိသတ်တွေကို ကျေးဇူးတင်ပါတယ် ၊ ဒါပေမယ့် ကျွန်တော် ပါဝင်ထားတဲ့ ကားလေးတွေကို အချို့မကြည့်ရသေးရင် ကြည့်စေချင်တာတော့ အမှန်ပဲ။ ကျွန်တော်ကြိုးစားထားတာလေးတွေကို ပရိသတ် အနေနဲ့ အသိအမှတ်ပြုစေချင်ပါတယ် ၊  ပရိသတ်က ကျွန်တော်ရဲ့ ကြိုးစားမှုကို  ထောက်ပြဝေဖန်မှုလေးတွေ လိုချင်ပါတယ် ၊ အက်ရှင်ကားရှားပါးလာတဲ့  အချိန်မှာ ပေါကားဆိုတဲ့ အများရဲ့ ခှောင်ပြောင်မှုတွေကြားထဲကနေ ရုန်းထွက်ပြီး ပေါကားမဟုတ်ဘူးဆိုတာကို ၊သက်သေပြချင်တဲ့  ဆန္ဒလေးနဲ့ ဖန်းတီးထားတဲ့ " မြို့ပြမုဆိုးများ " ကို ကြည့်ရှုအားပေးကြပါ" ဟု သရုပ်ဆောင်ခါရာ က ပြောသည် ။
     

 

BONAZAR  ရုပ်ရှင်ထုတ်လုပ်ရေး၏ ပင်တိုင်မင်းသားဖြစ်သည့် ခါရာ ပါဝင်သရုပ်ဆောင်ထားသော " မျက်နှာပြင်များ " ရုပ်ရှင် ဇာတ်ကားသည်လည်း ၂၀၁၉ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ဆန်ကာတင် စာရင်းဝင်ထားသော အကောင်းဆုံးအက်ရှင် ဇာတ်ကားတစ်ကားဟုသိရသည် ။
     

 

သရုပ်ဆောင် ခါရာဟာသည် ပြောင်မြောက်သည့်  သရုပ်ဆောင်မှုတွေရှိနေပြီး အရည်အချင်းပြည့်ဝသော  မင်းသားတစ်လက်အဖြစ် ပရိတ်သတ်များ၏  မှတ်ချက်ပေးခြင်းကိုလည်း လက်ခံရရှိထားသူဖြစ်သည်။  

 

   
ကိုလင်း