ဇူလိုင် ၂၄

မွန်ဂိုလီးယားနိုင်ငံတွင် ယခုနှစ် ပထမနှစ်ဝက်အတွင်း နိုင်ငံခြားခရီးသွား ၃၅၀၀၀၀ နီးပါးဝင်ရောက်မှုရှိရာ  ယခင်နှစ်ကခရီးသွားဝင်ရောက်မှုထက် ၁၈ ရာခိုင်နှုန်း ပိုမိုများပြားလာကြောင်း ယမန်နေ့က တရားဝင်အချက်အလက်များတွင် ဖော်ပြထားသည်။

အဆိုပါကာလအတွင်းဝင်ရောက်သော နိုင်ငံခြားခရီးသွားများအနက်  ၅၀ ရာခိုင်နှုန်းနီးပါးသည် တရုတ်၊ ရုရှားနှင့် တောင်ကိုရီးယားနိုင်ငံတို့မှလာရောက်ခြင်းဖြစ်သည်ဟု မွန်ဂိုလီးယားခရီးသွားလုပ်ငန်းအဖွဲ့မှ ထုတ်ပြန်သောအချက်အလက်များအရ သိရသည်။

ယဉ်ကျေးမှု၊ အားကစား၊ ခရီးသွားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၏ပြောကြားချက်အရ မွန်ဂိုလီးယား အစိုးရသည် နိုင်ငံအတွင်း လေးရာသီ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရန်  ၂၀၂၈ခုနှစ်အထိ မွန်ဂိုလီးယားခရီးသွားနှစ်များ ခရီးသွားလုပ်ငန်းအစီအစဉ်ကို ဆက်လက်လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

၂၀၂၄ ခုနှစ်က နိုင်ငံခြားခရီးသွားဦးရေ စုစုပေါင်း ၇၂၇၄၀၀ ဝင်ရောက်ခဲ့ပြီး ခရီးသွားလုပ်ငန်းကဏ္ဍမှ အမေရိကန်ဒေါ်လာ  ၁ ဒသမ ၆ ဘီလီယံ ဝင်ငွေရရှိကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို