ဂျကာတာ ဇူလိုင် ၂၄
အင်ဒိုနီးရှားအစိုးရသည် ၂၀၂၆ ခုနှစ်တွင် ကြိုးတံတား ၆၃ စင်း တည်ဆောက်ရန် အမေရိကန် ဒေါ်လာ ၃၈ ဒသမ ၆၉ သန်းခန့် ခွဲဝေချထားရန်စီစဉ်နေပြီး ကျေးလက်ဒေသများ၊ ဝေးလံခေါင်သီ သော ဒေသများနှင့် စီးပွားရေးအချက်အချာကျသည့် နေရာများအကြား ချိတ်ဆက်မှုတိုးတက်စေ ရေးအတွက် တစ်ပြေးညီဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ရန် စီစဉ်နေကြောင်း ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းဝန်ကြီးဌာနက ဇူလိုင် ၂၄ ရက်တွင် ထုတ်ပြန်သည်။
ကြိုးတံတားများကို ဝေးလံခေါင်သီပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသောဒေသများတွင် နေထိုင် ကြသည့် ကျေးလက်နေပြည်သူများအတွက် သွားလာရလွယ်ကူစေရေး အထောက်အပံ့ဖြစ်စေမည် ဖြစ်ကြောင်း ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းဝန်ကြီး ဒိုဒီဟန်ဂိုဒိုက ပြောကြားသည်။
ထို့ပြင် အဆိုပါတံတားများသည် ပြည်သူများ၏ နေ့စဉ်လုပ်ငန်းဆောင်တာများဖြစ်သည့် စီးပွားရေး၊ ပညာရေးနှင့် ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းများကို မြန်ဆန်စွာဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း၊ ယခုနှစ်အတွင်း ဝန်ကြီးဌာနမှ တောင်ဆူလာဝေစီဒေသတွင် ဆောက်လုပ်ဆဲ တံတား ရှစ်စင်းအပါအဝင် ကြိုးတံတားအစင်း ၅၀ ကို ပြီးစီးအောင် တည်ဆောက်ရန် ရည်မှန်းထား ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။
ဆင်ဟွာ


