ရန်ကုန် ဇူလိုင် ၂၄
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး အလုပ် သမားရေးရာဌာနမှ တာဝန်ရှိသူများနှင့်အတူ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း၌ ကိုရီးယားဘာသာအရည်အချင်းစစ် (EPS) စာမေးပွဲအောင်မြင်သူ များအား အလုပ်လျှောက်လွှာ ထုတ်ပေးနေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကြည့်ရှုစဉ် ဒုတိယဝန်ကြီးက ကိုရီးယားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ချိန်တွင် ကြိုးကြိုးစားစား လုပ်ကိုင်ကြရန်၊ သွားရောက်မည့်နိုင်ငံ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ သက်ဆိုင်ရာ နိုင်ငံ၏ ဥပဒေများကို ကြိုတင်လေ့လာထားကြရန်နှင့် မိသားစုလွှဲပို့ငွေများ တရားဝင် လွှဲပို့ဆောင်ရွက်ကြရန် ဆွေးနွေး မှာကြားသည်။
ကိုရီးယား သမ္မတနိုင်ငံသို့ အလုပ်လုပ်ကိုင်ခွင့်စနစ် (Employ- ment Permit System - EPS) ဖြင့် လုပ်သားများစေလွှတ်နိုင်ရေး အတွက် (၁၆) ကြိမ်မြောက် ကိုရီးယားဘာသာ အရည်အချင်း စစ် (EPS - TOPIK) စာမေးပွဲ အောင်မြင်သူ ၄၂၄၉ ဦးကို အလုပ်လျှောက်လွှာထုတ်ပေးခြင်း၊ လက်ခံခြင်းကို ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်း အစိုးရပြည်ပ အလုပ်အကိုင် အေဂျင်စီရုံး၌ ဇူလိုင် ၂၁ ရက်မှ ဩဂုတ် ၁ ရက်အထိ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


