ရန်ကုန်   ဇူလိုင်   ၂၄

ထိုင်းနိုင်ငံ  Hat    Yai    မြို့တွင် ဇူလိုင်  ၂၂ ရက်မှ    ၂၈  ရက်အထိ ကျင်းပပြုလုပ်လျက်ရှိသည့် The 38th Thai King’s Cup 2025 ပြိုင်ပွဲတွင် မြန်မာအသင်းက ငွေတံဆိပ်တစ်ခု   စတင်ဆွတ်ခူး ရရှိထား ကြောင်း သိရသည်။

အဆိုပါ ငွေတံဆိပ်ဆုကို အမျိုးသမီး Hook Takraw Event ပွဲစဉ်အဖြစ် ဇူလိုင် ၂၂   ရက်က ပြုလုပ်သည့်ပြိုင်ပွဲ၌ ကစားသမား နွယ်နွယ်ထွေး၊  ကြူကြူသင်း၊ ဖြူဖြူသန်း၊ ခင်နှင်းဝေ၊ ဆုတင်ဇာ နိုင်နှင့် နေခြည်နွေးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။

ယင်းပြိုင်ပွဲတွင် ထိုင်းအသင်းက ရမှတ် ၉၀၀ ဖြင့် ပထမ၊ မြန်မာအသင်းက ရမှတ် ၇၅၀ ဖြင့် ဒုတိယ၊ ဗီယက်နမ်အသင်းက ရမှတ် ၄၄၀၊ လာအိုအသင်းက ရမှတ် ၃၂၀ တို့ဖြင့် တတိယဆုများ ရရှိခဲ့ကြသည်။

မြန်မာအသင်းသည်  ဇူလိုင် ၂၃ ရက် ပြိုင်ပွဲများအဖြစ် Men Quadrant ပြိုင်ပွဲတွင်   မလေးရှား အသင်း၊ စင်ကာပူအသင်းတို့နှင့်  လည်းကောင်း၊ Women  Quadrant ပြိုင်ပွဲတွင် လာအိုအသင်း၊ အိန္ဒိယအသင်း၊ ဗီယက်နမ်အသင်းတို့နှင့် လည်းကောင်း၊ Mix Quadrant ပြိုင်ပွဲတွင်   ထိုင်းအသင်း၊ မလေးရှားအသင်း၊  ဗီယက်နမ်အသင်းတို့နှင့်လည်းကောင်း အုပ်စုပွဲစဉ်များ ယှဉ်ပြိုင်လျက်ရှိကြောင်း   သိရသည်။   

တင်စိုး(မြန်မာ့အလင်း)