ကျောက်ပန်းတောင်း ၁၂ မတ်
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ဒုတိယ (၁၂) လအတွင်း Unicef ဖြင့် ဆောင်ရွက်လျှက်ရှိသည့် ကျေးလက်ရေပေးရေးလုပ်ငန်း ပြီးစီးမှု အခြေအနေများကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်တင်ယုမေနှင့် တာဝန်ရှိသူများသည် အနောက်အင်တိုင်းကျေးရွာရှိ အနက်ပေ ၈၀ဝ ရှိ၊ ၄ လက်မစက်ရေတွင်း ရေစမ်းသပ် မှုတ်ထုတ်ခြင်း၊ ရေစင်နှင့် ရေစက်ရုံတည်ဆောင်ခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းကော်မတီအလိုက် တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လုပ်ငန်းများ စနစ်တကျနှင့် ကြံ့ခိုင်မှုရှိအောင် ဆောင်ရွက်ရေး၊ သတ်မှတ်ချိန်အတွင်း ပြီးစီးရေးနှင့် ကျေးလက်ပြည်သူများ သန့်ရှင်းသောသောက်သုံးရေ အမြန်ဆုံး ရရှိသုံးစွဲနိုင်ရေးတို့ကို ဆွေးနွေးမှာကြားခဲ့သည်။
ထို့နောက် မြို့နယ် ဦးစီးမှူးနှင့် အဖွဲ့ဝင်များသည် အတာရွာမကျေးရွာမှ အနက်ပေ ၃၀ဝ ရှိ ၄ လက်မ စက်ရေတွင်း ရေစင်နှင့် ရေစက်ရုံတည်ဆောက်ခြင်း လုပ်ငန်းများအား လည်းကောင်း၊ ကျောက်တံခါးကျေးရွာတွင် ၂ လက်မ ရေပိုက်လိုင်းဖြင့် အရှည် ၄၀၈၀ ပေရှိ အိမ်တိုင်ရာရောက ရေသွယ်ဖြန့်ဝေခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေး၍ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လုပ်ငန်းကော်မတီဝင် ရပ်မိရပ်ဖများ အားတွေ့ဆုံကာ လုပ်ငန်းလိုအပ်ချက်များ မရှိစေရေး ဆွေးနွေးမှာကြားခဲ့သည်။
အဆိုပါ ရေရရှိရေးလုပ်ငန်းများမှာ လုပ်ငန်းအားလုံး၏ (၈၅) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကာ ယခုမတ်လကုန်တွင် (၁၀ဝ)ရာခိုင်နှုန်း ပြီးစီးနိုင်မည်ဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)


