ရန်ကုန်     ဇူလိုင်     ၂၇

ဩဂုတ် ၈ ရက်တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပမည့်  ONE Friday Fights 119 ပြိုင်ပွဲတွင် မြန်မာလူငယ်ဖိုက်တာ သန့်ဇင် တွဲဆိုင်း ပါဝင်လာမည်ဖြစ်သည်။

နိုင်ပွဲရရန် ကြိုးပမ်းရမည်

သန့်ဇင်သည် ထိုင်းဖိုက်တာ ခွန်ချာနမ်နှင့် ထိုးသတ်ရမည်ဖြစ်ပြီး ယခုနှစ် ဇန်နဝါရီလတွင် ပွဲထိုးသတ်ပြီးနောက် ခြောက်လကျော်အကြာမှ နောက်တစ်ပွဲ ထိုးသတ်ခွင့်ရခြင်းဖြစ်သည်။ သန့်ဇင် သည်  ONE နှင့် ငါးပွဲမြောက် ထိုးသတ်ရခြင်းဖြစ်ပြီး ယခင်လေးပွဲတွင် နှစ်ပွဲနိုင်၊ နှစ်ပွဲ ရှုံးနိမ့်ထား သည်။ သန့်ဇင်သည် ပထမ နှစ်ပွဲဆက်တိုက် အနိုင်ရသော်လည်း နောက်ဆုံးနှစ်ပွဲဆက်တိုက် အရေးနိမ့်ထားသဖြင့် နိုင်ပွဲပြန်ရရန် ကြိုးပမ်းရမည်ဖြစ်သည်။ 

သန့်ဇင်သည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက် က ထိုးသတ်သည့် ပထမပွဲတွင် ထိုင်းဖိုက်တာ ဂျိုင်ဆင်းကို ဒုတိယအချီ စက္ကန့် ၄၀ တွင် ဒိုင်ပွဲရပ်၊ ၂၀၂၄ ခုနှစ် ဩဂုတ် ၂၃ ရက်ကထိုးသတ်သည့် ဒုတိယပွဲတွင် ထိုင်းဖိုက်တာ အူထိုင်းကို ပထမအချီ တစ်မိနစ် ၁၄ စက္ကန့်တွင် အလဲ ထိုးဖြင့် အနိုင်ရထားပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၇ ရက်က ထိုးသတ်သည့် တတိယပွဲတွင် ဂျပန်ဖိုက်တာ တာခဲရူကို ဒုတိယအချီတွင် အလဲထိုး၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၄ ရက်က ထိုးသတ်သည့် စတုတ္ထပွဲတွင် ထိုင်းဖိုက်တာ ဆူရီယန်လက်ခ်ကို ဒုတိယအချီတွင် ဒိုင်ပွဲရပ်တို့ဖြင့် ရှုံးနိမ့်ထားသည်။ သန့်ဇင်နှင့် ထိုးသတ်မည့် ခွန်ချာနမ်သည် ONE နှင့် ခြောက်ပွဲ ထိုးသတ်ရာတွင် နှစ်ပွဲနိုင်၊ လေးပွဲရှုံးနိမ့်ထားသည်။

သတင်း-ရှိုင်းထက်ဇော်

ဓာတ်ပုံ- ONE