ကွာလာလမ်ပူ ဇူလိုင် ၂၈

ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် နယ်စပ်ပဋိပက္ခ ဖြစ်ပွားမှုနှင့်ပတ်သက်ပြီး ခြွင်းချက်မရှိ အပစ်အခတ် ရပ်စဲရန် သဘောတူညီမှုရရှိပြီဖြစ်ကြောင်း မလေးရှား ဝန်ကြီးချုပ် အန်ဝါအီဗရာဟင်က ထုတ်ပြန်ကြေညာ လိုက်သည်။

ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံခေါင်းဆောင်များသည် မလေးရှားနိုင်ငံတွင် ငြိမ်းချမ်းရေးဆွေးနွေးမှုများ လုပ်ဆောင်ပြီးနောက် အဆိုပါထုတ်ပြန်ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါ ဆွေးနွေး ပွဲသည် လူပေါင်း ၃၀ ကျော် သေဆုံးမှုဖြစ်ပွားခဲ့သည့် နှစ်ဖက်ပဋိပက္ခဖြစ်ပွားမှုကို ချုပ်ငြိမ်းစေရေး လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံယာယီဝန်ကြီးချုပ် ဖွန်ထန်ဝေချာချိုင်းနှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်တို့ နှစ်ဦးစလုံး တွေ့ဆုံဆွေးနွေးပွဲသို့  တက်ရောက်ခဲ့ကြသည်။ ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား နယ်စပ်အရေးနှင့်ပတ်သက်၍ ပြီးခဲ့သည့်သီတင်းပတ်တွင် ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က နှစ်ဖက်ပဋိပက္ခဖြစ်ပွားမှု မရပ်မချင်း   ကုန်သွယ်ရေးသဘောတူညီမည် မဟုတ်ကြောင်း နှစ်နိုင်ငံဝန်ကြီးချုပ်များကို ဇူလိုင်  ၂၇  ရက်တွင် ဖုန်းခေါ်ဆိုကာ ပြောကြားခဲ့သည်။                                     

အင်န်အိတ်ချ်ကေ