ကိုလံဘို   ဇူလိုင်   ၂၈

သီရိလင်္ကာနိုင်ငံသည် ယခုနှစ် ပထမခြောက်လအတွင်း ပို့ကုန် အမေရိကန်ဒေါ်လာ  ၈ ဒသမ ၃  ဘီလီယံကျော်  နိုင်ငံခြားသို့တင်ပို့နိုင်ခဲ့ကြောင်း နိုင်ငံ၏ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးဘုတ်အဖွဲ့ (အီးဒီဘီ) က ဇူလိုင် ၂၈ ရက်တွင် ပြောကြားသည်။

ယခုနှစ်ဝက်အတွင်း   စုစုပေါင်းပို့ကုန်မှာ ဒေါ်လာ  ၈  ဒသမ ၃၃ ဘီလီယံရှိရာ  ၂၀၂၄ ခုနှစ်   အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၆ ဒသမ ၇ ရာခိုင်နှုန်းတိုးလာကြောင်း   အီးဒီဘီက   ပြောကြားသည်။ ကုန်ပစ္စည်းနှင့်   ဝန်ဆောင်မှုလုပ်ငန်းများအပါအဝင်    ဇွန်လအတွက် စုစုပေါင်း ပို့ကုန်တန်ဖိုးမှာ ၁ ဒသမ ၄ ဘီလီယံ ဒေါ်လာရှိရာ ယမန်နှစ်ကထက် ၈ ဒသမ ၇၃ ရာခိုင်နှုန်း တိုးလာကြောင်း အီးဒီဘီက ဆက်လက်ပြောကြားသည်။

ဇန်နဝါရီလမှ  ဇွန်လအတွင်း ကုန်ပစ္စည်းတင်ပို့မှုစုစုပေါင်းတန်ဖိုးသည် ၆ ဒသမ ၅ ဘီလီယံရှိရာ ၂၀၂၄ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၅ ဒသမ ၈၆ ရာခိုင်နှုန်းတိုးလာကြောင်း  သိရသည်။   သီရိလင်္ကာနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် ပို့ကုန်ဝင်ငွေ ဒေါ်လာ ၁၆ ဒသမ ၂ ဘီလီယံ ရရှိခဲ့သည်။ ထို့ပြင် သီရိလင်္ကာနိုင်ငံသည် ၂၀၂၅ ခုနှစ်အတွင်း ပို့ကုန်ဝင်ငွေမှ ဒေါ်လာ ၁၈ ဒသမ ၂ ဘီလီယံရရှိရန် အီးဒီဘီက ခန့်မှန်းထားသည်။                                                                        

ဆင်ဟွာ