ကဘူးလ် ဇူလိုင် ၂၈
အာဖဂန်နစ္စတန်နိုင်ငံ၌ လွန်ခဲ့သည့်နှစ်အတွင်း မိခင်နှင့် ကလေးငယ်ပေါင်း ၂ ဒသမ ၂ သန်း ကျော် သည် အာဟာရချို့တဲ့မှုကြောင့် ဆေးဝါးကုသမှုများခံယူခဲ့ကြကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန က ဇူလိုင် ၂၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ထို့အပြင် မသန်စွမ်းသူ ၃၆၀၀ ခန့်ကိုလည်း ခြေတုလက်တုနှင့် ဘီးတပ်ကုလားထိုင်များအပါအဝင် အထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ပေးခဲ့ကြောင်း ကျန်းမာရေးဒုတိယဝန်ကြီး မော်လဝီအဗ္ဗ ဒူလ်ဝါလီဟာ ကာနီက ပြောသည်။
ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ လွန်ခဲ့သည့်နှစ်အတွင်း အာဖဂန်နစ္စတန်နိုင်ငံသို့ ဆေးဝါးအမျိုးအစားပေါင်း ၅၂ ၄၃၉ မျိုးနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းအမျိုးအစားပေါင်း ၅၅၂၉ မျိုးကို တင်သွင်းခဲ့ကြောင်း သိရသည်။ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူများသည် နိုင်ငံတစ်ဝန်း မရှိမဖြစ်လိုအပ်သော ကျန်းမာရေးဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်လာစေရန်နှင့် လက်လှမ်းမီမှုတိုးချဲ့နိုင်ရန်အတွက် ပြုပြင်ပြောင်းလဲမှုများနှင့် ကြိုးပမ်းအားထုတ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း ပြောကြားသည်။
ဆင်ဟွာ


