ဇူလိုင် ၂၉
တူကီယဲနိုင်ငံတွင်နွေရာသီအပူလှိုင်းများကျရောက်နေစဉ် ယမန်နေ့က နိုင်ငံတစ်ဝန်း တောမီးလောင်ကျွမ်းမှုများအား မီးသတ်သမားများကငြှိမ်းသတ်မှုများလုပ်ဆောင်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
လွန်ခဲ့သည့် သီတင်းပတ်အတွင်း တောမီးလောင်ကျွမ်းမှုများကြောင့် လူ ၁၄ ဦး ထက်မနည်းသေဆုံးခဲ့ပြီး ကျေးရွာ ၁၉ ရွာနှင့် လူပေါင်း ၃၅၀၀ ကျော်ကို ၎င်းတို့၏ နေအိမ်များမှ ဘေးလွတ်ရာသို့ ပြောင်းရွှေ့စေခဲ့သည်။
ပြီးခဲ့သည့်သီတင်းပတ်က အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်အထက်မြင့်တက်ခဲ့ပြီး အီရတ်နှင့်ဆီးရီးယားနယ်စပ်အနီး စီလိုပီမြို့တွင် ဇူလိုင် ၂၅ ရက်က အပူချိန် ၅၀ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ဖြင့် စံချိန်တင်အပူချိန်မြင့်မားခဲ့သည်။
မီးသတ်သမားများက အနောက်မြောက်ဘက်ရှိ ဘာဆာမြို့၊ မြောက်ဘက်ရှိ ကာရာဘတ်ခ်ဒေသနှင့် တောင်ဘက်ရှိ ကာရှ်ရာမန်မာရတ်စ်ဒေသ အနီးတစ်ဝိုက်မီးလောင်ကျွမ်းမှုများကို ငြှိမ်းသတ်ခဲ့ကြသည်။
မီးငြှိမ်းသတ်နေသော မီးသတ်သမားတစ်ဦး ဇူလိုင် ၂၆ ရက်က နှလုံးဖောက်ကာသေဆုံးသွားသည်ဟု သိရသည်။
ကိုးကား- အေအက်ဖ်ပီ
ဘာသာပြန်-မြင့်မြင့်ချို


