ဇူလိုင် ၂၉
မွန်ဂိုလီးယားနိုင်ငံတွင် ဝက်သက်ရောဂါဖြင့် သေဆုံးသူနှစ်ဦးထပ်မံတွေ့ရှိခဲ့ပြီးနောက် ယင်းရောဂါဖြင့် သေဆုံးသူ ၁၀ ဦးရှိလာကြောင်း အမျိုးသားကူးစက်ရောဂါများဆိုင်ရာဗဟိုဌာန အင်န်စီစီဒီက ပြောကြားသည်။
အသည်းအသန်ဖျားနာသူ ကလေးငယ်ခြောက်ဦးအပါအဝင် ဆေးရုံတွင်ကုသမှုခံယူနေသူ ၁၀၉ ဦးရှိသည်ဟု အင်န်စီစီဒီက ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။
မိဘများအနေဖြင့် ၎င်းတို့၏ကလေးများတွင် အစောပိုင်းအဆင့်၌ ဝက်သက်ရောဂါလက္ခဏာများပြသပါက အထူးဂရုစိုက်ရန်နှင့် ချက်ချင်းပင် အရေးပေါ်ဆေးကုသမှုခံယူရန် အင်န်စီစီဒီက တိုက်တွန်း ပြောကြားထားသည်။
အင်န်စီစီဒီက မိဘများအနေဖြင့် ၎င်းတို့၏ကလေးများအားဝက်သက်ရောဂါကာကွယ် ဆေးနှစ်ကြိမ်ထိုးနှံပေးခြင်းဖြင့် ဝက်သက်ရောဂါပြင်းထန်စွာဖြစ်ပွားမှုမှကာကွယ်ရန် အကြံပြု ပြောကြားသည်။
ဝက်သက်ရောဂါသည်ရောဂါရှိသူနှင့်တိုက်ရိုက်ထိတွေ့မှုရှိပြီးအသက်ရှူလမ်းကြောင်းများမှတစ်ဆင့်အလွယ်တကူ ကူးစက်မှုမြင့်မားသောရောဂါဖြစ်သည်။
အများဆုံးဖြစ်လေ့ရှိသောရောဂါလက္ခဏာများတွင် ဖျားနာခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ နှာရည်ယိုခြင်း၊ လည်ချောင်းနာခြင်းနှင့် မျက်စိနီခြင်းတို့ပါဝင်ပြီး ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


