ရန်ကုန် ဇူလိုင် ၂၉
အမျိုးသမီးဖူဆယ်လိဂ် ပွဲစဉ်(၉)ကို ဇူလိုင် ၂၉ ရက်က ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းရှိ MFF ဖူဆယ်အားကစားရုံ၌ ကျင်းပရာ YRG အသင်း နိုင်ပွဲရယူပြီး ဆက်လက်ဦးဆောင်လျက်ရှိသည်။
ပွဲစဉ်(၉) တွင် YRG အသင်းက Divine အသင်းကို တစ်ဂိုး-ဂိုးမရှိ၊ ရန်ကုန်စီးတီးအသင်းက Winner Generations အသင်းကို သုံးဂိုး-တစ်ဂိုး၊ အား/ကာ သိပ္ပံအသင်းက Thunder Tigresses အသင်းကို နှစ်ဂိုး-တစ်ဂိုး၊ Pacific Sun Far အသင်းက မင်္ဂလာဒုံစီးတီးအသင်းကို ၁၁ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိ သည်။ ဇယားထိပ်ဆုံးမှ YRG အသင်းသာ အနိုင်ရပြီး ဒုတိယနေရာမှ Thunder Tigresses အသင်း နှင့် တတိယနေရာမှ Divine အသင်းတို့ နိုင်ပွဲထပ်ပျောက်ခဲ့သဖြင့် အမှတ်ပိုပြတ်သွားခြင်း ဖြစ်သည်။
ရှိုင်းထက်ဇော်


