နေပြည်တော်  ဇူလိုင်  ၂၉

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန  သစ်တောဦးစီးဌာနသည်  တရားမဝင် သစ်နှင့်သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးရေးအား  ပြည်သူပူးပေါင်းပါဝင်မှုဖြင့်  လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်   (Co-mmunity Monitoring and Reporting System-CMRS)  အပါအဝင်   နည်းလမ်းမျိုးစုံဖြင့်    အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဇူလိုင်   ၂၁ ရက်မှ  ၂၇ ရက်အထိ  နေပြည်တော်၊  ပြည်နယ်နှင့်  တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း ၄၂ ဒသမ ၆၃၃၅  တန်၊ သစ်မာ ၉ ဒသမ ၅၇၅၆ တန်၊ အခြား  ၄၂ ဒသမ ၂၆၆၀ တန် စုစုပေါင်း  ၉၄ ဒသမ ၄၇၅၁  တန်၊ ယာဉ်/ ယန္တရား ခြောက်စီး၊ တရားခံ ကိုးဦး ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

သတင်းစဉ်