နေပြည်တော် ဇူလိုင် ၂၉
ငလျင်ကာလအလွန် တည်ဆောက် ပြုပြင်ရေးလုပ်ငန်းများအတွက် နည်းပညာ ဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းနှင့် အနာဂတ်တွင် ကြုံတွေ့လာနိုင်သည့် နည်းပညာဆိုင်ရာ စိန်ခေါ်မှုများအတွက် ကြိုတင်ပြင်ဆင်ခြင်း” နည်းပညာဆိုင်ရာ cage (Post Earthquake Techni-cal Forum)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ ဆက်လက်ကျင်းပသည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီး ဌာနနှင့် အသင်းအဖွဲ့များမှ ကိုယ်စားလှယ် များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ နည်းပညာတက္ကသိုလ်များမှ ပါမောက္ခများ၊ ပြည်တွင်း ပြည်ပမှ ပညာရှင်များ၊ စာတမ်းရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ အဆောက်အဦများ ပြန်လည် ပြုပြင်အသုံးပြုရေးနှင့်အသစ်တည်ဆောက် ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးကအမှာစကားပြောကြားပြီး ပါဝင်ဆွေးနွေးသော နိုင်ငံခြားပညာရှင်များနှင့် ဆွေးနွေးပွဲဖြစ်မြောက်အောင် အဓိကပံ့ပိုးပေးသော မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း သုံးသင်းမှ တာဝန်ရှိသူများအား ဂုဏ်ပြု မှတ်တမ်းများ ပေးအပ်သည်။
ထို့နောက် မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီ နာယကများဖြစ်ကြသော ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ဒေါက်တာချာလီသန်းနှင့် ဒေါက်တာ မျိုးသိန်းကျော်တို့က အမှာစကား ပြောကြားကြပြီးမြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မြတ်က "Retrofitting and Reconstru-ction of the Earthquake Affected Pagodas and Historical Monuments"
ခေါင်းစဉ်ဖြင့်လည်းကောင်း၊ နီပေါနိုင်ငံမှ ကျွမ်းကျင်ပညာရှင် Mr. Gantan Bipin Kumar က " Lesson Leamed from Retrofitting of Private Houses in Nepal after the 2015 Gorkha Earth quake” ခေါင်းစဉ်ဖြင့်လည်းကောင်း စာတမ်းဖတ်ကြားကြသည်။
ယင်းနောက် ဆွေးနွေးပွဲပထမပိုင်းကို ကျင်းပရာ "မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြီးများနှင့် အနာဂတ်တွင် ကြုံတွေ့နိုင်သည့် ငလျင်ကြီးများအပေါ် လေ့လာသုံးသပ်ချက်" ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံဘူမိသိပ္ပံ အသင်းဥက္ကဌ ဒေါက်တာစုံဟန်၊ မြန်မာနိုင်ငံမြေငလျင် ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစောထွေးဇော်၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနမှ အငြိမ်းစား ဆရာမကြီး ဒေါ်ရီရီငြိမ်း၊ မြေငလျင်ဌာနခွဲမှ ဒေါက်တာယဉ်မျိုးမင်းထွေးနှင့် ရန်ကုန်နည်းပညာတက္ကသိုလ် ပါမောက္ခ ဒေါက်တာဉာဏ်မြင့်ကျော်တို့ ကဆွေးနွေးကြပြီး ဦးဆောင်ဆွေးနွေးသူ အဖြစ် မအူပင်တက္ကသိုလ် ပါမောက္ခဒေါက်တာ စန္ဒီချစ်ကိုက ဆောင်ရွက်သည်။
ဆက်လက်၍ ငလျင်ဒဏ်ခံအဆောက် အအုံများ တည်ဆောက်ခြင်းအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကျွမ်းကျင် ပညာရှင် Dr. Ji Jun က "Resilient Structures for Buildings and Infra-structures in High Seismic Zones" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ ကျွမ်းကျင်ပညာရှင် Dr. Wenlu Wen က "Application of isolation Technology in Post Earth-quake Reconstruction and Reinfor-cement" ခေါင်းစဉ်ဖြင့်လည်းကောင်း စာတမ်းဖတ်ကြားကြရာ တက်ရောက်လာ သူများက စိတ်ပါဝင်စားစွာ ဆွေးနွေး မေးမြန်းကြသည်။
ငလျင်လှုပ်တဲ့အခါ အဆောက်အဦတွေ ထိခိုက်ပုံ ဘာဖြစ်လို့ မတူကြပါသလဲ
ထို့နောက် ဆွေးနွေးပွဲဒုတိယပိုင်းကို ကျင်းပရာ “ငလျင်ဒဏ်ခံရသည့် အဆောက်အအုံများ ပြုပြင်ခြင်းဆိုင်ရာ နည်းစနစ်များ" ခေါင်းစဉ်ဖြင့် ပြင်ပ Structure ပညာရှင် ဒေါက်တာတိုးတိုးဝင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်ဗဟိုအလုပ် မှုဆောင်ကော်မတီဝင် ဦးစန်းကြူ၊ ပြင်ပ Structure ပညာရှင် ဦးဇော်ဇော်အောင်နှင့် အောင်ပြည်တန်ကုမ္ပဏီမှ ဦးနေလင်း ထက်တို့က ဆွေးနွေးကြပြီး ဦးဆောင် ဆွေးနွေးသူအဖြစ် မြန်မာနိုင်ငံမြေငလျင် ကော်မတီ ဒုတိယဥက္ကဌ ဦးစောထွေး ဇော်က ဆောင်ရွက်ကာ တက်ရောက်လာ သူများက ဆွေးနွေး မေးမြန်းကြသည်။
ယင်းနောက် မြန်မာနိုင်ငံဗိသုကာ ကောင်စီဥက္ကဌ ဦးဝင်းဇော်က "ငလျင် ဘေးအန္တရာယ်များမှရရှိသော စိန်ခေါ်မှု များနှင့် သင်ခန်းစာများ" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အထပ်မြင့်နှင့် အများ ပြည်သူသုံးအဆောက်အအုံတည်ဆောက် ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေး ပညာရှင်အဖွဲ့286 ဦးသိန်းဇော်က *သဘာဝဘေးဒဏ်ခံနိုင်သော အခြေခံ အဆောက်အအုံများ တည်ဆောက်နိုင်ရန် ဆောက်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နှင့် စံချိန်စံညွှန်းများ တိကျစွာလိုက်နာရေး" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ရှေးဟောင်းသုတေသနဦးစီးဌာနမှ ဦးသူရ ဗိုလ်က "Assessments and Survey of Earthquake Affected Pagodas and Ancient Monuments" ခေါင်းစဉ်ဖြင့်လည်းကောင်း စာတမ်းဖတ်ကြားကြသည်။ ဆွေးနွေးပွဲ တတိယပိုင်းတွင် "ငလျင် ဒဏ်ခံအဆောက်အအုံများ တည်ဆောက် ခြင်းနှင့် MNBC-2025 ပါ ပြဋ္ဌာန်းချက်များ" ခေါင်းစဉ်ဖြင့် ဦးကြည်လွင်၊ ဒေါက်တာ ဉာဏ်မြင့်ကျော်၊ ဒေါက်တာယုမောင်နှင့် ဦးထင်အောင်တို့က ဆွေးနွေးကြပြီး ဒေါ်မြမြဝင်းက ဦးဆောင်ဆွေးနွေးသူ အဖြစ်လည်းကောင်း၊ ဆွေးနွေးပွဲစတုတ္ထပိုင်းတွင် “တည်ဆောက်ရေးလုပ်ငန်းသုံး ပစ္စည်းများ၏ စံချိန်စံညွှန်းသတ်မှတ် ချက်များနှင့် လိုက်နာသုံးစွဲရေးဆိုင်ရာ စိန်ခေါ်မှုများ" ခေါင်းစဉ်ဖြင့် ဒေါက်တာ ကေသီလွင်၊ ဦးအောင်ကိုထိုက်၊ ဦးကျော်မင်းအောင်၊ ဦးတင်မြင့်နှင့် ဦးကျော်မင်း အေးတို့က ဆွေးနွေးကြပြီး ဒေါက်တာဝါဝါမိုးက ဦးဆောင်ဆွေးနွေးသူအဖြစ်လည်း ကောင်း၊ ဆွေးနွေးပွဲပဉ္စမပိုင်းတွင် "ငလျင် ဒဏ်ခံအဆောက်အအုံများ တည်ဆောက်ရေးအတွက် ဒေသဆိုင်ရာ ကြီးကြပ်ရေး အဖွဲ့များနှင့် တည်ဆောက်သူများ၏ အရေးပါမှုအခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် ဦးရွှေကျော်လှ၊ ဦးနေလင်းထွန်း၊ ဦးမျိုးမြင့် နှင့် ဦးခင်မောင်ကြွယ်တို့က ဆွေးနွေးကြပြီး ဦးသိန်းဇော်က ဦးဆောင်ဆွေးနွေးသူ အဖြစ်လည်းကောင်း ဆောင်ရွက်ကြသည်။
ဆွေးနွေးမှုများအပြီးတွင် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဥက္ကဋ္ဌက သုံးသပ် ဆွေးနွေးပွဲမှရရှိလာသော ရလဒ်များ အပေါ် သုံးသပ်ဖော်ထုတ်ဆွေးနွေးပြီး မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနာယက ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


