ဇူလိုင် ၃၀
ထိုင်းနိုင်ငံအလယ်ပိုင်း ဆူဖန်ဘူရီပြည်နယ်တွင် မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှုတစ်ခု ယနေ့တွင်ဖြစ်ပွားခဲ့ရာ ကိုးဦးသေဆုံးပြီး အခြားနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ပြောကြားသည်။
အဆိုပါပေါက်ကွဲမှုသည် ယနေ့မနက် ဒေသစံတော်ချိန် ၁၁ နာရီ ၁၀ မိနစ်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့်ကာကွယ်ရေးဌာန၏ပြောကြားချက်အရသိရသည်။ ထိုပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများများကို နီးစပ်ရာဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြထားသည်။
ပေါက်ကွဲမှုဖြစ်ပွားရသည့်အကြောင်းရင်းကိုသိရှိရန် အာဏာပိုင်များက လတ်တလော စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


