ယိုကိုဟားမား ဇူလိုင် ၃၀
ယခု ဘဏ္ဍာနှစ်အတွင်း မက္ကဆီကိုရှိ CIVAC ကားစက်ရုံမှ မော်တော်ကားထုတ်လုပ်မှုများကို ရပ်တန့်တော့မည်ဟု နစ်ဆန်းကားကုမ္ပဏီက ပြောသည်။ အဆိုပါအစီအစဉ်ကို နစ်ဆန်းကုမ္ပဏီက ဇူလိုင် ၃၀ ရက်တွင် ကြေညာခဲ့သည်။ မကြာသေးမီက စက်ရုံလည်ပတ်မှုနှုန်း လျော့ကျပြီးနောက် ကုမ္ပဏီ၏ စီးပွားရေးလုပ်ဆောင်မှုကို ထိခိုက်လာသည့်အတွက် ယခုလိုဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
အခက်အခဲကြုံတွေ့နေသည့် အဆိုပါကုမ္ပဏီသည် အလွန်အကျွံထုတ်လုပ်မှုကို ပြန်လည်သုံးသပ်ရန် ဂျပန်နိုင်ငံအတွင်းနှင့် ပြည်ပရှိ စက်ရုံစုစုပေါင်းခုနစ်ခုကို လျှော့ချရန်အစီအစဉ်ကို ကြေညာခဲ့ပြီး ဖြစ်သည်။ အာဂျင်တီးနားနှင့် အိန္ဒိယရှိစက်ရုံများကို ဖြတ်တောက်သွားမည်ဟုလည်း ကြေညာ ထားပြီးဖြစ်သည်။
ဂျပန်ပြည်တွင်း၌လည်း ကာနာဂါဝါခရိုင်ရှိ အော့ပါးမားစက်ရုံနှင့် ရှာတိုင်ရှိုနန် စက်ရုံတို့၌ ကားထုတ်လုပ်မှုကို ရပ်တန့်သွားမည်ဟု ကြေညာခဲ့သည်။
အင်န်အိတ်ချ်ကေ


