နေပြည်တော်   ဇူလိုင်   ၃၀

၂၀၂၅ ခုနှစ်  တိုင်းဒေသကြီးနှင့် ပြည်နယ်ပိုက်ကျော်ခြင်း(အမျိုး သား/ အမျိုးသမီး) နှစ်ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင်   ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကိုးသိန်းအားကစားရုံ ၌ ကျင်းပသည်။

ယနေ့  ပိုက်ကျော်ခြင်း အမျိုးသားနှစ်ယောက်တွဲ    အဖွဲ့လိုက်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အုပ်စုပတ်လည် ပြိုင်ပွဲ ပွဲစဉ်များကို ယှဉ်ပြိုင်ကစားရာ မန္တလေးတိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို  နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊  ရှမ်းပြည်နယ်အသင်းက မွန်ပြည်နယ်အသင်းကို နှစ်ပွဲ တစ်ပွဲဖြင့် လည်းကောင်း၊ ကယားပြည်နယ်အသင်းက မကွေးတိုင်းဒေသကြီးအသင်းကို နှစ်ပွဲ  တစ်ပွဲဖြင့် လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို နှစ်ပွဲ တစ်ပွဲဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို နှစ်ပွဲ တစ်ပွဲဖြင့် လည်းကောင်း၊ ကရင်ပြည်နယ်အသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို  နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊  ရခိုင်ပြည်နယ်အသင်းက ချင်းပြည်နယ်အသင်းကို နှစ်ပွဲ တစ်ပွဲဖြင့် လည်းကောင်း၊ မွန်ပြည်နယ်အသင်းက ကချင်ပြည်နယ်အသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ်အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ စစ်ကိုင်း  တိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊   ပဲခူးတိုင်း ဒေသကြီးအသင်းက   ကယားပြည်နယ်အသင်းကို   နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအသင်းက တနင်္သာရီတိုင်း ဒေသကြီးအသင်းကို နှစ်ပွဲ တစ်ပွဲဖြင့်လည်းကောင်း၊ ကရင် ပြည်နယ်အသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက ချင်းပြည်နယ်အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊  အမျိုးသမီး(၂)ယောက်တွဲအဖွဲ့လိုက် အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်တွင် မန္တလေးတိုင်းဒေသကြီး အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်အသင်းက ရခိုင် ပြည်နယ်အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက တနင်္သာရီ တိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို  နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီးအသင်းက ရှမ်းပြည်နယ်အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အသင်းက ရခိုင်ပြည်နယ်အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိကြသည်။

ဇူလိုင် ၃၁ ရက် ပိုက်ကျော်ခြင်း (အမျိုးသား/အမျိုးသမီး)နှစ်ယောက်တွဲ အဖွဲ့လိုက်အုပ်စု ပတ်လည် ပြိုင်ပွဲ ပွဲစဉ်များအဖြစ် နံနက် ၉ နာရီမှစတင်၍ အမျိုးသားနှစ်ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ၊     အမျိုးသမီး နှစ်ယောက်တွဲ အဖွဲ့လိုက် အုပ်စုပတ်လည် ပြိုင်ပွဲများကျင်းပမည်ဖြစ်သည်။

အဆိုပါ ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်း (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ များကို    ဩဂုတ် ၇ ရက်အထိ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့  ကိုးသိန်းအားကစားရုံ၌ ကျင်းပ  မည်ဖြစ်၍  အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။                    

သတင်းစဉ်