ချောက် ဇူလိုင် ၃၁

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ် အတွင်းရှိ ကျေးရွာများတွင် သောက်သုံးရေရရှိရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅ -၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဆင်ကကျေးရွာ၌ သောက်သုံးရေရရှိ‌စေရေး စက်ရေတွင်းတူး ဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

     အဆိုပါ ထိန်ကန်ကျေးရွာအုပ်စု၊ ဆင်ကကျေးရွာနေပြည်သူများအတွက် သောက်သုံးရေရရှိရေး လုပ်ငန်းအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေ ကျပ် သန်း (၉၀)ဖြင့် အနက်ပေ(၉၀၀)ရှိ စက်ရေတွင်းတူးဖော်ခြင်း၊ ရေပန့်၊‌ မော်တာ တပ်ဆင်ခြင်း၊ ပါဝါမီတာတပ်ဆင်ခြင်း၊ (၅ပေ×၅ပေ×၇ပေ) ရှိ ရေစက်ရုံတည်ဆောက်ခြင်းနှင့် ရေပိုက်ပေ(၁၁၀၀) သွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းများပြီးစီးပါက ဆင်ကကျေးရွာရှိ အိမ်ထောင်စု (၅၆၂)စုမှ လူဦးရေ(၂၉၁၄)ဦး အတွက် သောက်သုံးရေဖူလုံစွာရရှိမည်ဖြစ်ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)