သဲကုန်း ၁၃ မတ်
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် သဲကုန်းမြို့နယ်တွင် ကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင် အိမ်တွင်း စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် ရည်ရွယ်ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု မှိုစိုက်ပျိုးနည်းသင်တန်းဆင်းပွဲကို မတ် ၁၂ ရက် နံနက် ၁၁ နာရီက ကံကြီးကုန်းကျေးရွာ၌ ကျင်းပသည်။
သင်တန်းတွင် ကံကြီးကုန်းကျေးရွာရှိ သင်တန်းသား၊ သင်တန်းသူ ၂၀ ကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူများ၊ သင်တန်းနည်းပြများက မှိုစိုက်ပျိုးနည်းနှင့် ပတ်သက်၍ သင်ကြားပို့ချခဲ့ပြီး သင်တန်းကာလမှာ ဖေဖော်ဝါရီ ၂၆ ရက်မှ မတ် ၁၂ ရက်ထိဖြစ်ကြောင်း သိရသည်။
မင်းမြင့်မိုရ်(ငါန်းဇွန်)


