လက်စဘွန်  ဇူလိုင်  ၃၁

ပေါ်တူဂီနိုင်ငံ၌  ယခုနှစ်အစပိုင်းမှစကာ  တောမီးလောင်သည့် ဧရိယာ  ဟက်တာ  ၃၀၀၀၀  ခန့်ရှိကြောင်း  သိရသည်။  

မီးလောင်သည့်ဧရိယာမှာ ငါးရက်အတွင်း နှစ်ဆကျော်တိုးလာကြောင်း ကျေးလက်ဒေသ မီးဘေးစီမံခန့်ခွဲမှုစနစ် SGIFR   က ထုတ်ပြန်ထားသည်။

ဇူလိုင်  ၂၅ ရက်အထိ ပေါ်တူဂီနယ်မြေတစ်ဝန်း  ဟက်တာ ၁၂၀၀၀ ကျော် မီးလောင်ခဲ့ကြောင်း SGIFR က ဆိုသည်။

ငါးရက်ကျော်အတွင်း    နိုင်ငံတစ်ဝန်း   ဟက်တာ ၁၇၀၀၀ ခန့် မီးလောင်ခဲ့သောကြောင့်    ဇူလိုင်  ၃၀  ရက်အထိ  မီးလောင်မှုဧရိယာမှာ  ဟက်တာ   ၂၉၀၀၀ အထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။

ဇူလိုင် ၃၁  ရက် မွန်းတည့်ချိန်အထိ  ပေါ်တူဂီနိုင်ငံတစ်ဝန်း တောမီး ၈၇   ကြိမ်   လောင်ခဲ့ကြောင်း  အရေးပေါ်နှင့်   ပြည်သူ့ ကာကွယ်ရေးဆိုင်ရာ  အမျိုးသားအာဏာပိုင်အဖွဲ့(အေအင်န်အီးပီစီ)က   ထုတ်ပြန်ထားသည်။

ဆင်ဟွာ