ဂျီနီဗာ ဇူလိုင် ၃၁
အာဖရိကအနောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် မိုးရာသီစတင်လာပြီဖြစ်သည့်အတွက် ကလေး ၈၀၀၀၀ ခန့်တွင် ကာလဝမ်းရောဂါဖြစ်ပွားနိုင်ခြေ မြင့်မားလျက်ရှိသည်ဟု ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူက ဇူလိုင် ၃၀ ရက်တွင် ပြောသည်။
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့် နိုင်ဂျီးရီးယားနိုင်ငံတို့တွင် လက်ရှိရောဂါဖြစ်ပွားနေမှုများသည် အိမ်နီးချင်းနိုင်ငံများသို့ နယ်စပ်ဖြတ်ကျော်ကာ ကူးစက်မှုအန္တရာယ်မြင့်မားစေကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဖာဟန်ဟတ်က ပြောသည်။
ချဒ်၊ ကွန်ဂိုသမ္မတနိုင်ငံ၊ ဂါနာ၊ တိုဂိုတို့တွင် ကူးစက်ရောဂါ ဖြစ်ပွားမှုများနှင့် ရင်ဆိုင်နေရသည်ဟု ယူနီဆက်ဖ်၏ ပြောကြားချက်ကို ကိုးကားကာ ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
နိုင်ဂျာ၊ လိုက်ဘေးရီးယား၊ ဘီနင်၊ ဗဟိုအာဖရိက သမ္မတနိုင်ငံနှင့် ကင်မရွန်းနိုင်ငံတို့မှာလည်း စောင့်ကြည့်မှုအောက်တွင် ဆက်လက်ရှိနေဆဲဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ရောဂါကူးစက်မှုကို ထိန်းချုပ်ရန်နှင့် မပြန့်ပွားစေရန် ကူးစက်မှုဖြစ်ပွားနေသည့် နေရာများတွင် ကာလဝမ်းရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းအပါအဝင် မိသားစုများကိုလည်း ကုသမှုခံယူရန်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေး အားကောင်းစေရန် အားပေးကူညီမှုများလုပ်ဆောင်ရန် လိုအပ်သည် ဟု ၎င်းက ဆက်ပြောသည်။
ဆင်ဟွာ


