ဟနွိုင်း ဇူလိုင် ၃၁

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျှော့ချရန် တစ်စိတ်တစ်ပိုင်း အနေဖြင့် ဩဂုတ်လမှစကာ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်တွင် လျှပ်စစ်ဘတ်စ်ကား ၄၄၃ စီးကို ထပ်မံဖြည့်တင်းသွားမည်ဖြစ်ကြောင်း ပြည်တွင်းမီဒီယာ  VNExpress   က ဇူလိုင် ၃၁ ရက်တွင် ထုတ်ပြန်ထားသည်။

ယင်းသို့ အသစ်ထပ်တိုးရာတွင် ဟိုချီမင်းမြို့၌ လျှပ်စစ်ဘတ်စ်ကားအစီးရေ ၆၁၃ စီး  ရှိလာမည် ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် သန့်ရှင်းသောစွမ်းအင်အဖြစ်ကူးပြောင်းရန်  ရည်ရွယ်ကာ   ယာဉ်မှ   ဓာတ်ငွေ့ထုတ်လွှတ်ရေးအစီအစဉ်တစ်ရပ်ကို အကောင်အထည်ဖော်လျက်ရှိကြောင်း သိရသည်။

ဆင်ဟွာ