ရန်ကုန် ဇူလိုင် ၃၁
မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသားအသင်း နည်းပြချုပ်ဖြစ်သူ ထိုင်းနိုင်ငံသား ပတ္တရားပီခွန်သည် ၂၀၂၆ အာရှဖလား ဖူဆယ်ခြေစစ်ပွဲအတွက် ပဏာမကစားသမား ၂၄ ဦး ရွေးချယ်လိုက်ပြီဖြစ်သည်။
မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း ပဏာမလူစာရင်းကို ကျင်းပပြီးစီးခဲ့သည့် Futsal Champion Cup 2025 ပြိုင်ပွဲမှ အကောင်းဆုံးခြေစွမ်းပြခဲ့သည့် ကစားသမားများကို ရွေးချယ်ထားခြင်းဖြစ်ပြီး ဩဂုတ် ၃ ရက်မှစတင်၍ စခန်းသွင်းလေ့ကျင့်မည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း ပဏာမလူစာရင်းတွင် နည်းပြချုပ် ပတ္တရားပီခွန် (ထိုင်း)၊ နည်းစနစ်အကြံပေး ဦးဌေးမြင့်၊ လက်ထောက်နည်းပြ-ဦးဇော်ရဲမောင်၊ ဂိုးနည်းပြ-ဆိုကန်သီကာ(ထိုင်း)၊ ကြံ့ခိုင်ရေးနည်းပြ-တာဝမ် (ထိုင်း)၊ အားကစားသမားများအဖြစ် ဂိုးသမား-မိုင်းစိုး မြတ်ထွေး (MIU)၊ ကျော်ဇင်မျိုးဦး (YRG)၊ ကျော်ရဲသွေး (Winner Gen-erations)၊ ဖိုးလပြည့် (Winner Generations)၊ ကစားသမား-မျိုးမြင့်စိုး၊ ဝေဇင်ဦး၊ ကိုကိုလွင်၊ နိုင်လင်းထွန်းကျော်၊ ထွဋ်ဝေထွန်း၊ စည်သူအောင် (YRG)၊ မင်းခန့်၊ မင်းခန့်သူ၊ မျိုးသက်အောင်၊ ထွန်းအောင်ကျော်၊ ခင်ဇော်လင်း(MIU)၊ အောင်ကျော်ဖြိုး (United City)၊ နန္ဒစည်သူ၊ ထွဋ်ထွဋ်လွင်၊ ဆက်ဝေယံ (Winner Generations)၊ ငြိမ်းမင်းစိုး၊ အောင်ဇင်ဦး၊ ဂျင်မီစိုး (YCDC MHDT)၊ ထွန်းထွန်းဝင်း (ပြည့်စုံ) နှင့် မျိုးသက်ကျော် (VUC) တို့ ပါဝင်ကြသည်။
၂၀၂၆ အာရှဖလား ဖူဆယ်ခြေစစ်ပွဲမှ မြန်မာအသင်းပါဝင်သော အုပ်စု(H) ပွဲစဉ်များကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်ပြီး အာဖဂန်နစ္စတန်၊ မော်လ်ဒိုက်အသင်းတို့နှင့် ကျရောက်နေ သည်။ မြန်မာအသင်းသည် အုပ်စုပွဲများအဖြစ် စက်တင်ဘာ ၂၂ ရက်တွင် အာဖဂန်နစ္စတန်အသင်း၊ စက်တင်ဘာ ၂၄ ရက်တွင် မော်လ်ဒိုက်အသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ချစ်ကိုကို၊ ဓာတ်ပုံ-MFF


