ကနီ ၁၃ မတ်  

 

ကနီမြို့နယ် ပြည်သူ့ဝန်ဆောင်မှု (OSS)ရုံးမှ ရွေ့လျားဝန်ဆောင်မှုလုပ်ငန်း (Mobile Service Delivery) အစီအစဉ်ဖြင့် ကနီမြို့နယ် အုမ္မကျေးရွာ၌ ယမန်နေ့ မွန်းလွဲ ၃နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

 

ရှေးဦးစွာ ကနီမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးရွှင်ဌေးက အမှာစကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိုက်စိုးထွန်းက ပြည်သူ့ဝန်ဆောင်မှုရုံး ဖွင့်လှစ်ရခြင်းအကြောင်း၊ ရွေ့လျား ဝန်ဆောင်မှု လုပ်ငန်းအကြောင်း၊ (OSS) ရုံး၏ ရည်ရွယ်ချက်များနှင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဆောင်ရွက်ပေးမည့်အချက်များ ရှင်းလင်းပြောကြားခဲ့သည်။ 

 

ယင်းနောက် မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံး၊ အခွန်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးလက်လမ်းဦးစီးဌာန၊ မြို့နယ်စီမံကိန်းဦးစီးဌာန၊ မြို့နယ်လယ်စီအင်းဦးစီးဌာန၊ မြို့နယ်တိ/မွေးကုဦးဌာန သစ်တောဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက မိမိတို့ဌာနအသီးသီး ဝန်ဆောင်မှုပေးမည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဌာနများအလိုက် ပညာပေး လက်ကမ်း စာစောင်များဝေငှခြင်းများ ဆောင်ရွက်ခဲ့ကြာင်း သတင်းရရှိပါသည်။

 

ခင်ဝင်းကြည်(ပြန်/ဆက်)