ရန်ကုန် ဩဂုတ် ၃

 

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ (Myanmar Press Council) (MPC)ဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦး ဦးဆောင်သည့်အဖွဲ့နှင့် ထိုင်းနိုင်ငံသတင်းမီဒီယာ ကောင်စီ (National Press Council of Thailand) (NPCT) ဥက္ကဋ္ဌ Mr. Chavarong Limpattamapanee ဦးဆောင်သည့် သတင်းမီဒီယာကောင်စီဝင် များသည် ဩဂုတ် ၁ ရက်က ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ တွေ့ဆုံဆွေးနွေး၍ နှစ်နိုင်ငံသတင်းမီဒီယာ ကောင်စီတို့အကြား သတင်းမီဒီယာလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ (MoU)ကိုလက်မှတ်ရေးထိုးကြသည်။

 

သတင်းမီဒီယာကောင်စီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးအေးချမ်း၊ တွဲဖက်အတွင်းရေးမှူး(၂) ဦးရဲမင်းစိုးတို့ပါဝင်သော အဖွဲ့သည် ဇူလိုင် ၃၁ ရက်မှ ဩဂုတ် ၂ ရက်အထိ ထိုင်းနိုင်ငံရှိ Bangkok Post သတင်းစာတိုက်၊ ထိုင်းနိုင်ငံအမျိုးသားရုပ်မြင်သံကြား ထုတ်လွှင့်ရေးဌာန (National Broadcasting Services of Thailand) (NBT) နှင့် မဟာချိုင် Cable TV ရုပ်သံလွှင့်ဌာနများသို့ သွားရောက် လေ့လာခဲ့ကြကြောင်း သိရသည်။

TTO