နေပြည်တော် ၁၃ မတ်
နေပြည်တော် တပ်ကုန်းမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း VDP ရန်ပုံငွေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မည့် ကျေးရွာ သုံးရွာအတွက် ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို မတ် ၁၂ ရက်မွန်းလွဲ ၂ နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နေခြည်ဇာဝေက ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း VDP ဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မည့် ဖက်သန်းတောင်ကျေးရွာ၊ မကျီးကုန်းကျေးရွာနှင့် သဲကုန်းကျေးရွာ စုစုပေါင်းကျေးရွာ သုံးရွာအတွက် တစ်ရွာလျှင် VDP ရန်ပုံငွေကျပ်သိန်း ၁၀ဝ စီ လွှဲပြောင်းပေးအပ်ခဲ့သည်။
အခမ်းအနားသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မည့် ကျေးရွာသုံးရွာမှ ကော်မတီဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး အဆိုပါ VDP ရန်ပုံငွေဖြင့် ဖက်သန်းတောင်ကျေးရွာ၌ ကျေးရွာတွင်း ရိစာလမ်းခင်းခြင်းလုပ်ငန်း၊ မကျီးကုန်းကျေးရွာ၌ လျှပ်စစ်မီး သွယ်တန်းခြင်းလုပ်ငန်း၊ သဲကုန်းကျေးရွာ၌ စင်မြင့်ရေစင် တည်ဆောက်ခြင်း လုပ်ငန်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မင်းမြင့်မိုရ်(ငါန်းဇွန်)


