ပွင့်ဖြူ ဩဂုတ် ၃
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ချည်မျှင်ရှည်ဝါ ၁၇၈၇ ဧကအထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ချည်မျှင်ရှည်ဝါ ၁၇၅၅၅ ဧက စိုက်ပျိုးရန် လျာထားပြီး ဇွန်လမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့တွင် ၁၇၈၇ ဧကအထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကာ လျာထားချက်ဧက ပြည့်မီစေရန် ဆက်လက်ကြိုးပမ်း စိုက်ပျိုးလျက်ရှိသည်။
“ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ပွင့်ဖြူမြို့နယ်မှာ ချည်မျှင်ရှည်ဝါ ၁၇၅၅၅ ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ ဒီနေ့အထိ ၁၇၈၇ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ပြီး လျာထားချက်ဧကကိုလည်း ပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ ချည်မျှင်ရှည်ဝါသီးနှံ စိုက်ပျိုးရေးနဲ့ပတ်သက်ပြီး မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးကြဖို့၊ အထွက်နှုန်းကောင်းစေဖို့၊ ပိုးမွှားရောဂါကင်းရှင်းဖို့၊ သွင်းအားစုများ စနစ်တကျ သုံးစွဲကြဖို့ စိုက်ပျိုးရေးအသိပညာပေးတာတွေကို ဆောင်ရွက်ပေးလျက်ရှိပါတယ်” ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)


