မိတ္ထီလာ ၁၃ မတ် 

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌  ကင်းတားဆည်ရေဖြင့် နွေစပါး စိုက်ဧက ၅၀ဝ၀ နှင့် အခြားသီးနှံ စိုက်ဧက ၁၁၀ဝ၀ ကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ဆည်မြောင်းဦးစီးဌာနမှ ကင်းတားရေသောက်စနစ် ဝမ်းတွင်းမြို့နယ် တာဝန်ခံ (A.E)  ဦးခင်မောင်ဝင်းက ပြောကြားခဲ့သည်။ 

 

ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ကင်းတားရေလှောင်တမံမှရေဖြင့် ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာများ၌ နွေစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးနိုင်ရန်စေရန် ဆည်မြောင်းဦးစီးဌာနမှ စိုက်ပျိုးရေများ စတင်လွတ်ပေးနေပြီဖြစ်ရာ ယခုနှစ်အတွင်း၌ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၂၀) မှ ကျေးရွာပေါင်း (၆၇)ရွာရှိ ဒေသခံတောင်သူများက ညောင်ဦးဖီ၊ ခင်ဘန်း၊ သင်္ကန်းစွဲ၊ ဘုရားစု၊ ဒိုင်ကောင်းကုန်း၊ ဘုရားဖြူ၊ အင်းခန်းကုန်း၊ အင်းခန်းကြီး၊ ဂုဏ်ရွာ၊ ဆူးပန်း၊ ရိုးစုံ၊ ကုန်းရွာ၊ ရွှေတောင်၊ သခွတ်မြင့်၊ ရွှေတောင်ခြံ၊ ရာသင်္ချာ၊ ဆင်ချီတိုင်၊ ဗြင်းကြီးနှင့် စမုံစိုက်ကွင်းစသည့် စိုက်ကွင်းများ၌  နွေစပါး စိုက်ဧက (၅၀ဝ၀) နှင့် နှမ်းစိုက်ဧက (၅၀ဝ၀)၊ ပဲသီးစိမ်း စိုက်ဧက (၂၅၀ဝ) ၊ ငရုတ်စိုက်ဧက (၄၀ဝ၀)၊ နွေဝါစိုက်ဧက (၄၀ဝ)တို့ကို စိုက်ပျိုးသွားမည်ဖြစ်သည်။

 

အဆိုပါ နွေစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ စတင်လွှတ်ပေး နေပြီးဖြစ်ရာ စိုက်ပျိုးရေကို ဇွန်လ ၂၅ ရက်နေ့အထိ လွှတ်ပေးသွားမည်ဖြစ်ကြောင်း၊ နွေစပါးစိုက်ဧကမှာ ယခင်နှစ် က စိုက်ဧက (၇၅၀ဝ) ကျော် စိုက်ပျိုးနိုင်ခဲ့သော်လည်း ယခုနှစ်တွင် စိုက်ပျိုးရေ နည်းပါးသည့်အတွက် စိုက်ဧက (၅၀ဝ၀)သာ စိုက်ပျိုးသွားရန် လျားထားလျက်ရှိရာ ယခင်နှစ်ကထက် နွေစပါးစိုက်ဧကလျော့နည်းခဲ့ကြောင်း  သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)