ဩဂုတ် ၄

ထိုင်းနှင့်ကမ္ဘောဒီးယားနှစ်နိုင်ငံကြား ပဋိပက္ခကိုဖြေရှင်းရန် ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် နှစ်နိုင်ငံတာဝန်ရှိသူများသည် ဗဟိုနယ်ခြားကော်မတီအစည်းအဝေးပြုလုပ်ရန် မလေးရှားနိုင်ငံ မြို့တော်ကွာလာလမ်ပူသို့ ရောက်ရှိလာကြောင်း ဖော်ပြထားသည်။

အဆိုပါ ဆွေးနွေးပွဲကို မလေးရှားနိုင်ငံ၌ သြဂုတ် ၇ ရက်တွင်ကျင်းပရန် စီစဉ်ထားကာ မလေးရှားနိုင်ငံကို ကြားနေနေရာအဖြစ် ရွေးချယ်ထားသည်ဟု  မလေးရှားတပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုအစည်းအဝေးပြုလုပ်ခြင်း၏ရည်ရွယ်ချက်သည် ဇူလိုင် ၂၈ ရက်က မလေးနိုင်ငံ၌ ကျင်းပသည့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် အကောင်အထည်ဖော်မှု၏တစ်စိတ်တစ်ပိုင်းအဖြစ် နှစ်နိုင်ငံကြား နယ်နိမိတ်အငြင်းပွားမှုကို ဖြေရှင်းရန်ဖြစ်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို