နေပြည်တော် ဩဂုတ် ၄

 

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ပြည်သူ့စာကြည့်တိုက် များကို အခြေခံ၍ ပြည်သူများ အသိပညာမြင့်မားစေရေး ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတစ်ဝန်း ပြည်သူ့ စာကြည့်တိုက်ပေါင်း ၄၀၀ ကျော်ကိုဖွင့်လှစ်ကာ ပြည်သူများအား ဝန်ဆောင်မှုပေးလျက်ရှိရာ ပြည်သူ့စာကြည့်တိုက်လုပ်ငန်းများအား ပိုမိုစနစ်ကျစွာဆောင်ရွက်နိုင်ရန်နှင့် စာကြည့်တိုက် အသုံးပြုသူများအား ပိုမိုလျင်မြန်စွာ ဝန်ဆောင်မှုပေးနိုင်ရန်အတွက် Digital Library Management System (DLMS) ရေးဆွဲ၍ ပြည်သူ့စာကြည့်တိုက် Website www.publiclibrary.gov.mm လိပ်စားဖြင့် လွှင့်တင်ထားရှိသည်။

 

အဆိုပါ DLMS စနစ်ကို အသုံးပြု၍ Barcode စနစ်ဖြင့် စာကြည့် တိုက်လုပ်ငန်းများဖြစ်သည့် စာစုလုပ်ငန်း၊ စာပြုလုပ်ငန်းနှင့် စာငှား လုပ်ငန်းများကိုဆောင်ရွက်လျက်ရှိကြောင်း ၊ စာကြည့်တိုက် အသုံးပြု သူများအနေဖြင့် အဆိုပါ Website မှတစ်ဆင့် Online Public Access Catalogue (OPAC)ဖြင့် ပြည်သူ့စာကြည့်တိုက်များရှိ စာအုပ်စာစောင် များအား Online မှ ဝင်ရောက် ရှာဖွေနိုင်ခြင်း၊ နေ့စဉ်ထုတ်သတင်းစာများ အား ဝင်ရောက်ဖတ်ရှုနိုင်ခြင်း၊ e-Resources များ ဝင်ရောက်ဖတ်ရှုနိုင်ခြင်းတို့ ဆောင်ရွက်နိုင်သည်။

 

လက်ရှိတွင် ဦးစီးဌာန၏ ပြည်သူ့စာကြည့်တိုက် ၄၀၀ ကျော်အနက် စာကြည့်တိုက်ပေါင်း ၁၅၈ တိုက်တွင် DLMS စနစ်ကိုအသုံးပြု၍ ပြည်သူများအား စာကြည့်တိုက်ဝန်ဆောင်မှုပေးလျက်ရှိပြီး ပြည်သူ့စာကြည့် တိုက်များအားလုံးတွင် DLMS စနစ်ဖြင့် ဝန်ဆောင်မှုပေးနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည်။

 

ပြည်သူ့စာကြည့်တိုက်များတွင် လစဉ် သုတ/ရသ စာအုပ်များ၊ အပျော်ဖတ်ဝတ္ထု၊ မဂ္ဂဇင်း၊ ဂျာနယ်နှင့် နေ့စဉ်ထုတ်သတင်းစာများ ဝယ်ယူဖြည့်ဆည်းထားရှိပြီး ပြည်သူများ အခမဲ့ဖတ်ရှုနိုင်သည်။

 

ထို့အတူ ကလေးများ ငယ်စဉ်ကတည်းက စာပေနှင့် နီးစပ်ထိတွေ့မှု ရှိစေရန်အတွက် ကလေးစာဖတ်ခန်းများ ဖွင့်လှစ်ပေးခြင်း၊ ကဗျာရွတ်ဆို ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ စသည့်လှုပ်ရှားမှုများ ဆောင်ရွက်ပေးခြင်း၊ ကျောင်းသား ကျောင်းသူများနှင့် သုတေသနပြုသူများအတွက် အထောက် ထာက်အကူဖြစ်စေရန် ရည်ညွှန်းစာဖတ်ခန်းဖွင့်လှစ်ပေးခြင်း၊ အတည်ပြုပြ ပြုပြဋ္ဌာန်းပြီးသော ဥပဒေများနှင့် ထုတ်ပြန်ပြီး နည်းဥပဒေများအား ပြည်သူများ လွယ်လင့်တကူ လေ့လာဖတ်ရှုနိုင်ရေး သီးခြားထားရှိပေးခြင်း၊ ပြည်သူ့စာကြည့်တိုက်များတွင် ပြည်သူများ သတင်းအချက်အလက်များ လေ့လာနိုင်ရန်အတွက် Wifi အခမဲ့အသုံးပြုနိုင်ရန် စီစဉ်ထားရှိပေးခြင်းတို့ တို့ကို ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

သတင်းစဉ်