ဂျကာတာ   ဩဂုတ်   ၄

အင်ဒိုနီးရှားနိုင်ငံ   ကျန်းမာရေးဝန်ကြီး   ဘူဒီဂူနာဒီဆာဒီကင်က ယခုနှစ်  ဖေဖော်ဝါရီ   ၁၀ ရက် မှစတင်ခဲ့သော အခမဲ့ဆေးစစ်ပေးသည့်အစီအစဉ်မှာ   လူပေါင်း  ၁၆ သန်းအထိ စစ်ဆေးဆောင်ရွက်ပြီးဖြစ်ကြောင်း  ဩဂုတ် ၄ ရက်တွင် ပြောသည်။

ဩဂုတ် ၃ ရက်အထိ လူပေါင်း ၁၆ သန်းကို စစ်ဆေးဆောင်ရွက်ပြီးဖြစ်ကြောင်း၊ လက်ရှိတွင် ကလေးငယ်ပေါင်း နေ့စဉ်ပျမ်းမျှ ၁၅၀၀၀၀  မှ  ၂၈၀၀၀၀ အထိ စစ်ဆေးခံယူလျက်ရှိကြောင်း၊ သွားနှင့် အမြင်အာရုံဆိုင်ရာ ပြဿနာများမှာ အဖြစ်အများဆုံး ကျန်းမာရေးပြဿနာများဖြစ်ကြောင်း ၎င်းက  ဆက်ပြောသည်။

အင်ဒိုနီးရှား အစိုးရအနေဖြင့် အခမဲ့ကျန်းမာရေးစစ်ဆေးပေးသည့်အစီအစဉ်မှတစ်ဆင့် ပြည်သူ ၅၈  ဒသမ ၂ သန်းအထိ ဝန်ဆောင်မှုပေးနိုင်ရန်   ရည်မှန်းထားကြောင်း သမ္မတရုံးအကြီးအကဲဖြစ်သူ ပူထရန်တို က ပြောသည်။

ယခုကဲ့သို့  လုပ်ဆောင်မှုမှာ အင်ဒိုနီးရှားနိုင်ငံ၏  ရေရှည်ကျန်းမာရေးအတွက် ကြိုတင်ကာကွယ် သည့် ကြိုးပမ်းအားထုတ်မှုတစ်ခုဖြစ်ကြောင်း ၎င်းက  ထပ်လောင်းပြောကြားသည်။                                                     

ဆင်ဟွာ