ကိုလံဘို   ဩဂုတ်  ၄

သီရိလင်္ကာနိုင်ငံ၌  ၁၀ နှစ်ကြာပြီးနောက်  ၎င်း၏ ငါးဖမ်းရေယာဉ်စစ်တမ်းကို   ဩဂုတ် ၄ ရက်တွင် စတင်ကောက်ယူလျက်ရှိကြောင်း ဝန်ကြီးတစ်ဦးက ပြောကြားသည်။   

ဩဂုတ်  ၂၀ ရက်အထိ  တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူမည့်စာရင်းမှာ နိုင်ငံ၏ ကမ်းရိုး တန်းတစ်လျှောက် ငါးဖမ်းရေယာဉ် ၅၀၀၀၀ ခန့်ကို ကာကွယ်မည့် နောက်ဆုံးပေါ်ဒေတာဘေ့စ် တစ်ခုကို ဖန်တီးရန် ရည်ရွယ်ကြောင်း ငါးလုပ်ငန်း၊ ရေနေနှင့် သမုဒ္ဒရာအရင်းအမြစ်ဝန်ကြီး ရာမယ်လင်ဂမ် ချန်ဒရာဆယ်ခါက ပြောကြားသည်။

အဆိုပါစစ်တမ်းကောက်ယူမည့်ကာလအတွင်း ဌာနမှ တာဝန်ရှိသူများသည် ငါးဖမ်းဆိပ်ကမ်းတိုင်းသို့ သွားရောက်၍ ရေယာဉ်တစ်စင်းချင်းစီကို စစ်ဆေးပြီး မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ်   အထူးစတစ်ကာတစ်ခုတပ်ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

လာမည့်နှစ်မှစတင်ကာ ၎င်းတို့က ငါးဖမ်းလုပ်ငန်းလိုင်စင်များနှင့်  သန်းခေါင်စာရင်းအချက်အလက်များအပေါ်အခြေခံ၍  နောက်ဆုံးပေါ်ဝန်ဆောင်မှုများကို ထုတ်ပေးမည်ဖြစ်ကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားသည်။

ဆင်ဟွာ