ရန်ကုန်  ဩဂုတ်   ၅

အမျိုးသမီးဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၁) ကို  သြဂုတ် ၅ ရက်က ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းရှိ  MFF ဖူဆယ်အားကစားရုံ၌ ကျင်းပရာ  YRG  အသင်း  နိုင်ပွဲထပ်မံရယူပြီး   ချန်ပီယံဆုရရှိရန် နီးစပ်လာသည်။

ပွဲစဉ် (၁၁) တွင် YRG အသင်း က Winner Generations အသင်းကို ခုနစ်ဂိုးပြတ်၊  Divine အသင်း က Pacific Sun Far အသင်းကို နှစ်ဂိုး-တစ်ဂိုး၊ Thunder Tigresses အသင်းက မင်္ဂလာဒုံစီးတီးအသင်းကို ၁၀ ဂိုး-တစ်ဂိုးဖြင့် အနိုင်ရပြီး အား/ကာသိပ္ပံအသင်းနှင့် ရန်ကုန်စီးတီးအသင်း ဂိုးမရှိသရေကျခဲ့သည်။  ပြိုင်ပွဲပြီးဆုံးရန် သုံးပွဲသာလိုတော့ပြီး ထိပ်ဆုံးမှ YRG  အသင်းသည်   လက်ကျန်သုံးပွဲတွင် တစ်ပွဲအနိုင်ရရုံဖြင့် ချန်ပီယံဆုရရှိမည်ဖြစ်သည်။ ထို့ကြောင့် YRG အသင်းသည် လာမည့် ပွဲစဉ် (၁၂) တွင် အနိုင်ရပါက ပြိုင်ပွဲမပြီးဆုံးမီ ချန်ပီယံဖြစ်မည်ဖြစ်သည်။

ပွဲစဉ် (၁၁) အပြီးတွင် YRG အသင်းက ၂၉ မှတ်၊  Divine အသင်းနှင့်  Thunder Tigresses အသင်းတို့က ၂၂ မှတ်စီ၊  Pacific Sun Far အသင်းက ၁၆ မှတ်၊ ရန်ကုန်စီးတီးအသင်းနှင့် အား/ကာ သိပ္ပံအသင်းက ၁၅ မှတ်စီ၊ Winner Generations အသင်းက ငါးမှတ်ရရှိထားကာ မင်္ဂလာဒုံစီးတီး အသင်းမှာမူ ပွဲတိုင်းအရေးနိမ့်ပြီး အမှတ်မရသေးပေ။

ညီမြတ်သော်တာ၊ ဓာတ်ပုံ-MFF