ပေါက်ခေါင်း ဩဂုတ် ၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ တောင်သူလယ်သမားများအနေဖြင့် စပါးကိုအဓိကထားစိုက်ပျိုးကြရာ ယခုနှစ်တွင်လည်း မိုးစပါးစိုက်ဧကပေါင်း ၄၀၀၀၀ကျော်ကို စိုက်ပျိုးရန် လျာထားပြီးဖြစ်ကြောင်းသိရသည်။
ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ကျေးရွာများ၌လည်း မိုးစပါးကို တချို့တစ်ဝက် စိုက်ပျိုးပြီးစီးပြီဖြစ်သည်။ ထိုသို့စိုက်ပျိုးရာတွင် ဇွန်လနှင့် ဇူလိုင်လများတွင် စတင်စိုက်ပျိုးကြကာ ဒီဇင်ဘာလ၌ ပြန်လည်ရိတ်သိမ်းပြီး ဆောင်းသီးနှံများကို ထပ်မံစိုက်ပျိုးခြင်းဖြင့် မြေဆီလွှာကိုထိန်းသိမ်း နိုင်မည် ဖြစ်ပြီး လျာထားဧက ပြည့်မှီကျော်လွန်အောင် ဆက်လက်စိုက်ပျိုးနိုင်ရန် အတွက် စိုက်ပျိုးရေးနည်းစနစ်ကောင်းများဖြင့် ကူညီထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
ပေါက်ခေါင်းမြို့နယ်တွင် တောင်နဝင်းရေလှောင်တမံကြီးအား အမှီပြု၍ နွေရာသီ၌လည်း သီးနှံစိုက်ပျိုးရန် အဆင်ပြေပြီး စပါးအပြင် မြေပဲ၊ ပြောင်းဖူး၊ ပဲအမျိုးမျိုး အစရှိသည့် သီးနှံများလည်း စိုက်ပျိုးဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်။
ဖုန်းကျော်ဇင် (ပြန်/ဆက်)


