ဩဂုတ် ၆

အိန္ဒိယနိုင်ငံမြောက်ပိုင်း တောင်ကုန်းထူထပ်သော ဉတ္တရာခန်ပြည်နယ် ဉတ္တရာကာချီဒေသရှိ ကျေးရွာတစ်ရွာတွင် ယမန်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လေးဦးသေဆုံးပြီး လူ ၅၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထိုဒေသတွင် ရေကြီးမှု၊ မြေပြိုမှုများဖြစ်ပွားခဲ့သည်ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တောင်ကျရေစီးသန်မှုကြောင့် အဆောက်အဦများစွာ ရေစီးနှင့်အတူမျောပါသွားပုံကို ရုပ်မြင်သံကြားတွင်ပြသထားသည်။

ရွှံ့ပျော့နှင့်အမှိုက်သရိုက်များအောက်တွင် လူပေါင်းများစွာနစ်မြုပ်ခဲ့သည်ဟု သိရသည်။

ရေဘေးသင့်ဒေသသို့ ကယ်ဆယ်ရေးအဖွဲ့များရောက်ရှိလာပြီး နစ်မြုပ်နေသူများကိုကယ်ဆယ်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို