ပေါင်းတည် ဩဂုတ် ၆

 

ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်၌ မိုးသီးနှံ ပဲတီစိမ်း ၆၅၄၈ ဧကစိုက်ပျိုးရန် လျာထားခဲ့ပြီး ယခုအခါ လျာထားချက်ပြည့်မီအောင် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

ပေါင်းတည်မြို့နယ်ရှိ တောင်သူအများစုသည် မေလနှင့်ဇွန်လအကြားတွင် ပဲတီစိမ်းကို စတင် စိုက်ပျိုးလေ့ရှိပြီး အများအားဖြင့် ရက်၆၀ ၊ ရေဆင်း-၁၆ မျိုးကောင်းမျိုးသန့်ကို စိုက်ပျိုးကြကာ မိမိစိုက်ပျိုးမြေအနေအထားနှင့်ကိုက်ညီသည့် ပဲမျိုးများကိုလည်း ရွေးချယ်စိုက်ပျိုးတတ်ကြကြောင်း သိရသည်။

 

မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း ပဲအမျိုးမျိုးစိုက်ပျိုးဖြစ်ထွန်းအောင်မြင်ရေးကို တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ပိုးမွှားအန္တရာယ်ကာကွယ်ရေး၊ ဓာတ်မြေဩဇာ စနစ်တကျ သုံးစွဲစိုက်ပျိုးရေး၊ တောင်သူများ အကျိုးစီးပွားဖြစ်ထွန်းစေရေး၊ ပြည်တွင်းစားနပ် ရိက္ခာဖူလုံရုံမျှမက ပြည်ပသို့တင်ပို့ရောင်းချနိုင်ရန် အထွက်နှုန်းကောင်းမွန်ရေးနှင့် တိုးချဲ့စိုက်ပျိုးနိုင် ရေးတို့ကို အသိပညာပေးကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

 

ယခုအခါ မြို့နယ်အတွင်းရှိ တောင်သူများစိုက်ပျိုးထားသော ပဲတီစိမ်းများမှာ ပျှမ်းမျှ ၃၅ ရက် သက်တမ်းဝန်းကျင်ရှိနေကြပြီး ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။

ရွှေသား(IPRD)