အဒစ္စအဘာဘာ ဩဂုတ် ၆
အီသီယိုးပီးယား လေကြောင်းလိုင်းက ၂၀၂၄-၂၀၂၅ အီသီယိုးပီးယား ဘဏ္ဍာနှစ်အတွင်း ဝင်ငွေ အမေရိကန်ဒေါ်လာ ၇ ဒသမ ၆ ဘီလီယံရရှိခဲ့သည်ဟု ဩဂုတ် ၅ ရက်တွင် ထုတ်ပြန်ကြေညာ ခဲ့သည်။
အီသီယိုးပီးယားနိုင်ငံ၏ မြို့တော် အဒစ္စအဘာဘာ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အီသီယိုးပီးယားလေကြောင်းလိုင်းအဖွဲ့ အမှုဆောင်အရာရှိချုပ် မက်စ်ဖင်းတာဆူးက အဆိုပါဝင်ငွေပမာဏသည် ယခင်ဘဏ္ဍာနှစ်နှင့်နှိုင်းယှဉ်ပါက ၈ ရာခိုင်နှုန်းမြင့်တက်လာကြောင်း ပြောသည်။
အဆိုပါဝင်ငွေသည် ခရီးသည် ၁၉ ဒသမ ၁ သန်းကို သယ်ယူပို့ဆောင်ပေးခြင်းမှ ရရှိသည့်ဝင်ငွေများဖြစ်ကြောင်း၊ ခရီးသည် ၁၉ ဒသမ ၁ သန်းအနက် ၁၅ ဒသမ ၂ သန်းမှာ နိုင်ငံတကာ ခရီးသည်များဖြစ်ပြီး ၃ ဒသမ ၉ သန်းမှာ ပြည်တွင်းခရီးသည်များဖြစ်ကြောင်း သိရသည်။ ထို့အပြင် ကုန်စည်တန်ချိန် ၇၈၅၀၀၀ ခန့်ကိုလည်း သယ်ယူပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။
အီသီယိုးပီးယားလေကြောင်းလိုင်းသည် ပိုမိုများပြားလာသော ခရီးသည်များ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ၂၀၂၆ ခုနှစ်တွင် လေယာဉ်အစင်း ၂၀ ထပ်မံဖြည့်တင်းသွားရန် စီစဉ်နေကြောင်း အီသီယိုးပီးယားလေကြောင်းလိုင်း အမှုဆောင်အရာရှိချုပ် မက်စ်ဖင်းတာဆူး က ပြောသည်။
ဆင်ဟွာ


