မုံရွာ ဩဂုတ် ၆
စစ်ကိုင်းတိုင်း ဒေသကြီး စစ်ကိုင်းမြို့ပေါ်ရှိ ဇေယျာနိုင်လွန်ကတ္တရာလမ်းနှင့် သုဓမ္မာနိုင်လွန် ကတ္တရာလမ်း ဖွင့်ပွဲအခမ်းအနား များကို ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာ လမ်းမုခ်ဦးရှေ့၌ ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တက်ရောက်ပြီး အဆိုပါလမ်းများကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
တက်ရောက်
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ စစ်ကိုင်းမြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် စစ်ကိုင်းမြို့ပေါ်ရှိနိုင်လွန်ကတ္တရာလမ်း ရှစ်လမ်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားသည်။
အခမ်းအနားတွင် စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ မြို့နယ်အမှုဆောင် အရာရှိက စစ်ကိုင်းမြို့ပေါ်ရှိ လမ်းရှစ်လမ်းကို နိုင်လွန်ကတ္တရာ လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး စစ်ကိုင်းမြို့ပေါ် ရပ်ကွက်နေ ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အဖွဲ့ဝင်များနှင့်အတူ ရာဇမဏိစူဠာ ကောင်းမှု စေတီတော် တောင်ဘက်စောင်းတန်း၌ ကျင်းပသည့် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တောင်ဘက်စောင်းတန်း တည်ဆောက်ရန် ပန္နက်တော်တင် အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် သီတဂူ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ပန္နက်တော်တိုင်နှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အလှူရှင်များနှင့် တာဝန်ရှိသူများက သတ်မှတ် နေရာများ၌ ပန္နက်တော်တင် မင်္ဂလာပြုလုပ်၍ သီတဂူဆရာ တော်ကြီးထံမှ အနုမောဒနာ တရားနာယူကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီး ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သာသနိက အဆောက်အအုံများ ပြန်လည်ပြုပြင် မွမ်းမံနေမှုနှင့် စေတီတော် သမိုင်းကျောက်စာတို့ကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


