ပွင့်ဖြူ ၁၃ မတ်
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အတွင်းရှိ အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ပညာအရည်အချင်း ရှိသော ကျောင်းသားကျောင်းသူများ အနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ အားကာသိပ္ပံသင်တန်း ကျောင်းသို့ တက်ရောက်ရန် ဆန္ဒရှိပါက မတ် ၁၂ ရက်နေ့မှ စတင်ပြီး ပွင့်ဖြူ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံးသို့ လာရောက်ပြီး စာရင်းပေးသွင်းနိုင်ကြောင်း ပွင့်ဖြူမြို့နယ်အားကစားမှူး ဦးရန်လင်းအောင် ထံမှ သိရသည်။
အဆိုပါ အားကာသိပ္ပံသင်တန်းကျောင်းသို့ တက်ရောက်လိုသူများ အနေဖြင့် အနည်းဆုံး ပညာအရည်အချင်း အလယ်တန်းအဆင့် သတ္တမတန်းနှင့် အဌမတန်း၊ အထက်တန်း အဆင့်တွင် နဝမတန်းအဆင့် ရှိရမည်ဖြစ်ပြီး သင်တန်းသား ရွေးချယ်ရေး စံသတ်မှတ်ချက်များ အနေဖြင့် သတ္တမတန်းအဆင့်တွင် အသက် ၁၂ နှစ်မှ ၁၃ နှစ်အတွင်း (ကျား) အရပ် ၅ ပေ ၄ လက်မနှင့် ကိုယ်အလေးချိန် ပေါင် ၁၀ဝ၊ (မ) ၅ ပေ ၃ လက်မ၊ ကိုယ်အလေးချိန် ၉၅ ပေါင် ရှိရမည်ဖြစ်ကြောင်း၊ အဌမတန်းအဆင့်တွင် အသက် ၁၃ နှစ်မှ ၁၅ နှစ်အတွင်း (ကျား) အရပ် ၅ ပေ ၆ လက်မနှင့် ကိုယ်အလေးချိန် ပေါင် ၁၁၀၊ (မ) ၅ ပေ ၄ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၀ဝ ရှိရမည်ဖြစ်ကြောင်း၊ နဝမတန်းအဆင့်တွင် အသက် ၁၃ နှစ်မှ ၁၅ နှစ်အတွင်း (ကျား) အရပ် ၅ ပေ ၆ လက်မနှင့် ကိုယ်အလေးချိန် ပေါင် ၁၁၀၊ (မ) ၅ ပေ ၄ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၀ဝ ရှိရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စံသတ်မှတ်ချက်များနှင့် ကိုက်ညီသော ကျောင်းသားကျောင်းသူများ အနေဖြင့် အားကာသိပ္ပံသင်တန်းကျောင်းအား တက်ရောက်သင်ကြားခွင့် ရရှိမည်ဖြစ်ကြောင်းနှင့် အသေးစိတ် သိရှိလိုပါက ပွင့်ဖြူမြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန မြို့နယ်အားကစားမှူး ဦးရန်လင်းအောင်၊ ဖုန်း - ဝ၉ ၄၀၁၅၈၆၇၄၃ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


