ဟနွိုင်း   ဩဂုတ်  ၆

ဗီယက်နမ်နိုင်ငံသို့  ယခုနှစ် ပထမခုနစ်လအတွင်း  နိုင်ငံခြားသားခရီးသည် ၁၂ ဒသမ ၂၃ သန်း လာရောက်လည်ပတ်ခဲ့သည်။

အဆိုပါအရေအတွက်သည် ယမန်နှစ်များကထက် ၂၂ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်လာကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။

နိုင်ငံအတွင်းသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားခရီးသည်များ အနက် ၈၅ ဒသမ ၁ ရာခိုင်နှုန်းသည် လေကြောင်းမှလာရောက်သူများဖြစ်သည်။

အာရှနိုင်ငံများမှ လာရောက်လည်ပတ်သည့်ခရီးသည်ပေါင်း ၉ ဒသမ ၆ သန်းကျော်ရှိပြီး ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၂ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရသည်။

နိုင်ငံ၏ခရီးသွားလုပ်ငန်းဆိုင်ရာ ပြည်ဝင်ခွင့်ဗီဇာမူဝါဒများ၊ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးလှုပ်ရှားမှု များနှင့် နိုင်ငံတော်ရုံးပိတ်ရက်များနှင့်ပွဲတော်များ ကျင်းပသည့်ကာလဖြစ်ခြင်းကြောင့် နိုင်ငံခြားသား ခရီးသည်ဝင်ရောက်မှုအရေအတွက်    သိသိသာသာမြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။ 

 ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်